DVB Logo
Home
မြန်မာသတင်း
ဆန်ကို သင့်တင့်သည့်ဈေးဖြင့် အိမ်‌အရောက်ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ် ထုတ်ပြန်
DVB
·
June 26, 2024
ဆန်ကို သင့်တင့်သည့်ဈေးဖြင့် အိမ်‌အရောက်ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ် ထုတ်ပြန်
Donate to DVB

ပေါ်ဆန်း‌မွှေးဆန်‌တွေကို သင့်တင့်မျှတတဲ့ဈေးနဲ့ အိမ်‌အရောက် ရောင်းချပေးသွားမယ်လို့ ဆန်စပါးအသင်းချုပ်က ဇွန် ၂၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ နေပြည်တော် အပါအဝင် ရန်ကုန်၊ မန္တလေး မြို့ကြီးသုံးမြို့တို့မှာ လာမယ့် ဇူလိုင် ၁ ရက်ကစပြီး ပေါ်ဆန်းမွှေးဆန်တွေကို ပေါက်ဈေးထက် သက်သာတဲ့နှုန်းထားနဲ့ အိမ်အရောက်ပို့ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့ အသင်းချုပ်က ထုတ်ပြန်ထားတာပါ။

ဆန်အမျိုးအစားအလိုက် အိမ်အရောက်‌ ရောင်းချပေးမယ့် ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်း ၁၀၈ ပေါင်၊ ၂၄ ပြည် တအိတ်ကို ၁၅၂,၀၀ဝ ကျပ်၊ ဧရာဝတီပေါ်ဆန်း ၁၀၈ ပေါင်၊ ၂၄ ပြည် တအိတ်ကို ၁၃၀,၀၀ဝ ကျပ် သတ်မှတ်ထားပါတယ်။

အဲဒီသတ်မှတ်ဈေးနှုန်းတွေက သင့်တင့်မျှတတဲ့ ဈေးနှုန်း‌တွေဖြစ်ပြီး ဈေးထပ်မံလျှော့ချနိုင်ဖို့လည်း ဆောင်ရွက်နေတယ်လို့ အသင်းချုပ်က ဆိုထားပြီး သင့်တင့်မျှတတဲ့ဈေးနဲ့ စဉ်ဆက်မပြတ် ရောင်းချပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့နေ ပြည်သူတဦးက “အရင်ကလည်း သက်သာတဲ့ဈေးနဲ့ ရောင်းပေးနေတယ်ဆိုပြီး လက်လီမှာကျ ဈေးကြီးပေးစားရတာပဲ။ တကယ်သာ ဒီဈေးနဲ့ပဲ အမြဲတမ်း ရောင်းပေးနိုင်ရင်တော့ ကောင်းတာပေါ့” လို့ ပြောပါတယ်။

အသင်းချုပ်အနေနဲ့ ပေါ်ဆန်းဆန်တွေအပြင် တခြားဆန်အမျိုးအစား‌တွေကိုလည်း အိမ်အရောက်ပို့စနစ်နဲ့ ဖြန့်ဖြူးနိုင်ရေး တိုးချဲ့ဆောင်ရွက်နိုင်ဖို့ စီစဉ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

ပြည်တွင်းဆန်စပါးဈေးတွေ အဆမတန် မြင့်တက်နေတာနဲ့ ပတ်သက်ပြီး ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းနေတယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်မှာ ထုတ်ပြန်အပြီး အခုလိုမျိုး ‌ သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဆန်ရောင်းချတဲ့ အစီအစဉ်တွေကို ဆန်စပါးအသင်းချုပ်က ထုတ်ပြန်လာတာပါ။

တဖက်မှာလည်း စိုက်ပျိုးရေးသွင်းအားစုဖြစ်တဲ့ မြေဩဇာဈေးနှုန်းကိုပါ ရည်ညွှန်းဈေး သတ်မှတ်ပြီး ဈေးနှုန်းထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက စီမံ‌လုပ်‌ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013