DVB Logo
Home
နိုင်ငံတကာ
ထိုင်း ဆယ်ကျော်သက်မိန်းကလေးများ တရုတ်နိုင်ငံတွင် လူကုန်ကူးခံနေရ  
DVB
·
June 25, 2024
ထိုင်း ဆယ်ကျော်သက်မိန်းကလေးများ တရုတ်နိုင်ငံတွင် လူကုန်ကူးခံနေရ  
Donate to DVB

လူကုန်ကူးခံရတဲ့ ဆယ်ကျော်သက် ထိုင်းမိန်းကလေးတွေကို တရုတ်နိုင်ငံမှာ လူအိုပြုစုဖို့ဆိုပြီး  အတင်းအကျပ် လက်ထပ်ခိုင်းတဲ့ ပြဿနာတွေရှိနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

လူကုန်ကူးမှုနဲ့ကောလ်စင်တာ အွန်လိုင်း လိမ်လည်မှုပပျောက်ရေး ပူးပေါင်းနှိမ်နင်းရေးအတွက် ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့တာမှာ ဒီကိစ္စတွေထည့်သွင်းဆွေးနွေးခဲ့တာလို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက လူငယ်တွေ ယူနန်ပြည်နယ် ကူမင်းမှာ အလုပ်သွားလုပ်ကြတယ်၊ အဲဒီထဲမှာ ကလေးလုပ်သားပြဿနာ၊ ဆယ်ကျော်သက်မိန်းကလေးတွေကို လူအိုပြုစုဖို့ဆိုပြီး အတင်းအကျပ်လက်ထပ်ခိုင်းတဲ့ပြဿနာ၊ အလုပ်ရမယ်ဆိုပြီး စွန့်ပစ်ထားတဲ့ ပြဿနာတွေလည်းရှိတဲ့အကြောင်း ထိုင်းဘက်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးချုပ် ဆာရုဒီ ခဝိုင်ဆိုဖား ဦးဆောင်တဲ့ ထိုင်းဘက်ဆိုင်ရာ တာဝန်ရှိသူ အယောက် ၃၀ ဟာ ဇွန် ၂၃ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ  ယူနန်ရဲတပ်ဖွဲ့က တာဝန်ရှိသူ ရဲမှူးချုပ် ယိဖိင်နဲ့တကွ ယူနန်အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့  ဆိုပါတယ်။ 

အစည်းအဝေးမှာ လူကုန်ကူးမှုတားဆီးရေးနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း နှိမ်နင်းရေးမှာ နည်းပညာ IT ကို အသုံးပြုခြင်းအားဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား ၈၀ ရာခိုင်နှုန်း သက်သာ စေတဲ့အကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး တိကျတဲ့ဥပဒေ မရှိ‌သေးပေမဲ့ လူကုန်ကူးမှုပပျေက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေး အချက်အလက် ဖလှယ်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ ထိုင်းလူကုန်တား ရဲမှူးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံက လူကုန်ကူးမှုတရားခံပြေး ၂၇ ဦးဟာ တရုတ်နိုင်ငံမှာ လာရောက်တိမ်း ရှောင်နေတာကြောင့်  ထိုင်းအနေနဲ့ သူတို့တွေကို ဖမ်းဆီးအပြစ်ပေးဖို့ လိုက်လံစုံစမ်းနေတယ်၊ တရုတ်အာဏာပိုင်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့အသင့် ရှိတယ်လို့  ဆိုပါတယ်။ 

ထိုင်းတာဝန်ရှိသူတွေဟာ The Lancang-Mekong Integrated Law Enforcemnet and Sercurity Cooperation Center: LMLECC)  လို့ခေါ်တဲ့ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ လုံခြုံရေး ကော်ပိုရေးရှင်းစင်တာက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်။ 

သူတို့အနေနဲ့လည်း  ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက်  မဲခေါင်မြစ်ထဲမှာ လှေ ၂၆ စီး  လုံခြုံ‌ရေးဝန်ထမ်းအင်အား ၁၅၀၀ နဲ့ လှည့်ပတ်စစ်ဆေးလျက်ရှိတယ်၊ ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်တွေလည်း တရုတ်စာကို လာရောက်သင်ယူကြတယ်လို့  LMLECC အတွင်းရေးမှူး  You Xiaowen က ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ မနှစ်က လူကုန်ကူးမှုပေါင်း ၃၀၀ ကျော်ကို နှိမ်နင်းခဲ့တယ်၊ အဲဒီထဲမှာ  ၅၀ ရာခိုင်နှုန်းက အသက်မပြည့်တဲ့ကလေးတွေကို ပြည်တန်ဆာအဖြစ်စေခိုင်းမှု၊ ၃၀ ရာခိုင်နှုန်းက ကလေးတွေကို ညစ်ညမ်းဗွီဒီယိုရိုက်ကူးပြီး‌ ရောင်းချမှုနဲ့ ကျန်တာတွေကတော့ အဓမ္မလုပ်အား ခိုင်းစေခြင်းနဲ့ သူတောင်းစားအဖြစ် စေခိုင်းတာတွေ ပါဝင်တယ်လို့  ထိုင်းနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ ရဲမှူးချုပ်က ပြောသွားပါတယ်။ 

Source: MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013