
ပြင်သစ်နိုင်ငံမှာ အသက် ၁၅ နှစ်အောက် လူငယ်တွေကို ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်တဲ့ ဥပဒေကို ပြင်သစ်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။
ဒါကြောင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလကစပြီး အသက် ၁၅ နှစ်အောက်တွေ ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ခံရမှာဖြစ်ကာ ဥရောပနိုင်ငံတွေအနက် ပထမဆုံး ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်တဲ့နိုင်ငံ ဖြစ်လာပါတယ်။
ဒီဥပဒေအရ ပြင်သစ်မှာရှိတဲ့ လူတိုင်းဟာ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ရဖို့ အသက်စစ်ဆေးမှု ခံယူရမှာပါ။
ဗြိတိန်နဲ့ အီးယူနိုင်ငံတွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေကြောင့် သူတို့ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အခုလို ကန့်သတ်မှုတွေ ပြုလုပ်လာကြတာပါ။
ဒီဥပဒေကို အတည်ပြုဖို့ ပြင်သစ်သမ္မတ မက်ခွန်းက သူ့ရဲ့ လက်ကျန်သမ္မတသက်တမ်းမှာ ကတိပြုထားတာဖြစ်ပြီး လွှတ်တော်အတည်ပြုမှုကိုလည်း ကြိုဆိုခဲ့ပါတယ်။
ဆိုရှယ်မီဒီယာ အသုံးပြုမှု ပိတ်ပင်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပေမဲ့ ပြင်သစ်လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က အင်္ဂါနေ့မှာ အတည်ပြုခဲ့တာပါ။
ဒီဥပဒေက အဆင့် ၂ ဆင့်နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလကစပြီး အသက် ၁၅ နှစ်အောက် အရွယ်တွေ အကောင်ဖွင့်လို့မရတာနဲ့ အကောင့်သစ်ဖွင့်တဲ့အခါ အသက်စစ်ဆေးမှု ခံယူရမှာပါ။
၂၀၂၇ ဇန်နဝါရီလမှာ ပြင်သစ်နိုင်ငံမှာ ရှိတဲ့သူတိုင်း ဆိုရှယ်မီဒီယာအကောင့်တွေကို exist လုပ်ပစ်မှာဖြစ်ပြီး အသက်အထောက်အထားနဲ့ ပြန်လည်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဩစတြေးလျနိုင်ငံပြီးရင် လူငယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုခွင့် ပိတ်ပင်တဲ့ ဒုတိယနိုင်ငံ ဖြစ်လာပါတယ်။
ဩစတြေးလျနိုင်ငံမှာတော့ ဆိုရှယ်မီဒီယာအသုံးပြုခွင့်ကို အသက် ၁၆ နှစ်အောက်ကစပြီး ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
Source: Reuters











