DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်မှ နိုင်ကျဉ်း ၇၆ ဦးအပါအဝင် အကျဥ်းသား ၂၀၀ ကျော်အား ကျိုက်စကောထောင် သို့ ပြောင်းရွှေ့
DVB
·
June 25, 2024
အင်းစိန်ထောင်မှ နိုင်ကျဉ်း ၇၆ ဦးအပါအဝင် အကျဥ်းသား ၂၀၀ ကျော်အား ကျိုက်စကောထောင် သို့ ပြောင်းရွှေ့
Donate to DVB

အင်းစိန်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား ၇၆ ယောက်အပါအ၀င် အကျဥ်းသား ၂၀၀ ကျော်ကို ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က အချုပ်ကား ၅ စီး နဲ့ ကျိုက်စကောထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ အင်းစိန်ထောင်နဲ့နီးစပ်သူထံက သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားတယောက်ရဲ့ မိခင်က “ကားတစီးကို လူ ၄၀ လောက် ပြည့်ကျပ်နေအောင်ထည့်ပြီး ခေါ်သွားတာ။ မိန်းကလေးကတော့ အနည်းငယ်ပဲ ပါလောက်တယ်၊ အမျိုးသားတွေများတယ်။ ထောင်မှာတော့ ထောင်ပြောင်းပါသွားတဲ့ လူစာရင်း ကပ်ထားတယ်လို့ ၀န်ထမ်းတွေကတော့ ပြောကြတယ်။ အိမ်တွေကိုတော့ အကြောင်းကြားတာမရှိပါဘူး။ သူတို့အားလုံးကို ဒိုက်ဦး၊ ကျိုက်စကော ထောင်ကိုပဲ ပြောင်းမှာလို့တော့ပြောတယ်။ နာမည်ကြီး နိုင်ကျဥ်းတွေတော့သိပ်မပါဘူး၊ ကိုတင်ထွဋ်ပိုင်တော့ ပါသွားတယ်။ အခုပြောင်းတဲ့အထဲမှာ နိုင်ကျဥ်းတွေထဲကတော့ အနှစ် ၂၀ ထောင်ချခံထားရသူ ၂ ယောက်လောက်ပါတယ်။ ကျန်တာတွေက ၁၅ နှစ် နည်းနည်း နဲ့ ၇ နှစ်တွေ များတယ်။ ရန်ကုန်ဘက်က မိသားစုတွေကတော့ ခက်ခဲတော့မှာပေါ့၊ ရန်ကုန်ကနေ အဆင့်ဆင့်သွားရတော့မှာ။ နောက် ကျိုက်စကောထောင်က နိုင်ကျဥ်း ၁၄ ယောက်ကို သတ်ထားတဲ့ နာမည်ကြီးထောင်ဆိုတော့ ကလေးတွေကို စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

ကျိုက်စကောထောင်ကို ပါဆယ်သွားပို့သူတယောက်ကလည်း “မနေ့က ထောင်ကား ၅ စီး၀င်လာတာ လူတွေကတော့ တစီးတစီးကို ကျပ်ညပ်နေတာပဲ။ အင်းစိန်ထောင်မှာ လူတွေ အရမ်းများလာလို့ တမင်ရွှေ့ပြီး ထောင်ဝိတ်လျော့တာတဲ့။ ထောင်ပြောင်းပါလာသူတွေ အများစုက ရိုးရိုးအကျဥ်းသားတွေများပါတယ်၊ နိုင်ငံရေးအကျဉ်းသားကတော့ ၇၀ ကျော်ပဲ ပါတယ်” လို့ ပြောပါတယ်။

ကျိုက်စကောထောင်ကို ရောက်လာတဲ့အထဲမှာ နိုင်ကျဥ်း ၇၆ ယောက်ပဲပါကာ ကျန်တာတွေကတော့ ရိုးရိုးအကျဥ်းသားတွေဖြစ်ပြီး အခုကိစ္စနဲ့ပတ်သက်လို့ ကျိုက်စကောထောင်ပိုင်ရုံးကို DVB က ဖုန်း နဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခု ဇွန်လက ကျိုက်စကောထောင်ကနေ အင်းစိန်ထောင်ကို ထောင်ပြောင်း ခေါ်သွားတဲ့ နိုင်ငံရေးအကျဥ်းသား ၁၄ ယောက်ကို ထွက်ပြေးဖို့ ကြိုးစားလို့ဆိုပြီး သေနတ်နဲ့ပစ်သတ်လိုက်ပြီးနောက် မိသားစုတွေကို အကြောင်းကြားစာသာပို့ပြီး အလောင်းတွေကို မြင်တွေ့ခွင့်မပြုခဲ့ပါဘူး။

ဇွန် ၁၅ ရက်ကလည်း ကျိုက်မရောထောင်ကနေ  နိုင်ငံရေးအကျဉ်းသူ အယောက် ၄၀ အပါအ၀င် အကျဥ်းသူစုစုပေါင်း ၆၀ ပြောင်းရွှေ့ခဲ့ပြီး အမျိုးသမီးအကျဥ်းသူတွေကို ထောင်၀င်စာ တလ ပိတ်ထားခဲ့တယ်လို့ မိသားစုတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013