DVB Logo
Home
နိုင်ငံတကာ
မစင်နှင့် ကပ်ပါးကောင်များ ပါဝင်သည့် မိုးပျံပူဖောင်းများ မြောက်ကိုရီးယား ထပ်မံပို့လွှတ်
DVB
·
June 25, 2024
မစင်နှင့် ကပ်ပါးကောင်များ ပါဝင်သည့် မိုးပျံပူဖောင်းများ မြောက်ကိုရီးယား ထပ်မံပို့လွှတ်
Donate to DVB

မြောက်ကိုရီးယားက စေလွှတ်တဲ့ မိုးပျံပူဖောင်းတွေထဲမှာ လူမစင်နဲ့ ကပ်ပါးကောင်တွေ ပါတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

မေလကုန်ကစပြီး ရာနဲ့ချီတဲ့ အမှိုက်မိုးပျံပူဖောင်းတွေကို မြောက်ကိုရီးယားက လွှတ်ခဲ့တာပါ။ အခုပို့တဲ့ မိုးပျံပူဖောင်းတွေထဲမှာ အဝတ်အစားဟောင်းတွေပါဝင်ပြီး အဲဒီအဝတ်အစားတွေက တောင်ကိုရီးယားက ပို့ခဲ့တဲ့ အဝတ်တွေကို အပိုင်းလိုက်ဖြတ်ပြီး ပြန်ပို့ခဲ့တာဖြစ်ပါတယ်။​

မိုးပျံပူဖောင်း ပို့လွှတ်မှုကို တောင်ကိုရီးယားက စတင်ခဲ့ပြီး ဆေးဝါး၊ စားစရာ၊ ငွေကြေးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကို ဆန့်ကျင်တဲ့ စာရွက်တွေကို ပို့လွှတ်ခဲ့တာကို မြောက်ကိုရီးယားက တန်ပြန်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ကပို့တဲ့ မိုးပျံပူဖောင်းတွေထဲမှာ အဝတ်စုတ်တွေ၊ လူ့မစင်၊ Hello Kitty အရုပ်တွေပါတဲ့ စာရွက်များ ပါဝင်ပါတယ်။

အဲဒီပလတ်စတစ်အိတ်တွေမှာ ကပ်ပါးကောင်တွေနဲ့ လူတွေရဲ့မစင်တွေ ပါတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။​

နောက်ထပ် မိုးပျံပူဖောင်းတွေ ထပ်ပြီး စေလွှတ်ဦးမယ်လို့လည်း မြောက်ကိုရီးယားက သတိပေးထားပါတယ်။​

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013