DVB Logo
Home
မြန်မာသတင်း
ကော့သောင်းခရိုင်တွင် တိုက်ပွဲဖြစ် ‌ဒေသခံ ၂၀၀ ကျော် ထိုင်းဘက် တိမ်းရှောင်
DVB
·
June 24, 2024
ကော့သောင်းခရိုင်တွင် တိုက်ပွဲဖြစ် ‌ဒေသခံ ၂၀၀ ကျော် ထိုင်းဘက် တိမ်းရှောင်
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပြီး  ဒေသခံ ၂၀၀ ကျော် ထိုင်းဘက်ခြမ်း ရနောင်းခရိုင်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတယ်လို့  ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ နမ့်ကျစ်အုပ်စု နမ့်ဒဲန်ကျေးရွာမှာ ဇွန် ၂၂ ရက် မနက်က မြန်မာဘက်ခြမ်းကနေ ပစ်ခတ်သံတွေကြားရပြီး ရွာသားတွေလည်း ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာကြတယ်လို့ သတင်းရလို့ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီဝင်တစ်ဦးက  သတင်းထောက်ကို ပြောပါတယ်။

အဆိုပါနေရာကို ရောက်ရှိသွားချိန် တဘက်နိုင်ငံမှ စစ်ဘေးရှောင်လာသူ ကလေး၊ လူကြီးနဲ့ သက်ကြီးရွယ်အို ၂၀၀ ကျော်လောက် ရောက်ရှိနေတာတွေ့ရကြောင်း၊ သူတို့တွေ ပြောပြချက်အရ  ဇွန် ၂၂ ရက်မနက်စောစောက  PDF တပ်ဖွဲ့ဝင် ၂၀ လောက်ဟာ မာရန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်ကြပြီး ထိခိုက်ဒဏ်ရာရသူ ဘယ်လောက်ရှိလဲတော့ မသိရကြောင်းနဲ့ ရွာသားတွေလည်း တိုက်ပွဲဆက်ဖြစ်နေမှာစိုးလို့ ထိုင်းဘက်ခြမ်း ပြေးလာတာလို့ ထိုင်းအရာရှိက ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေဘက်ကလည်း ထွက်‌ပြေးခိုဝင်လာတဲ့ ရွာသားတွေကို ထမင်းထုပ်နဲ့ သောက်ရေတွေ ဝေငှပေးပြီး မြန်မာနိုင်ငံဘက်က အခြေအနေကိုလည်း မပြတ်စောင့်ကြည့်နေကြကာ  အခြေအနေတွေ ငြိမ်သက်သွားရင် ပြန်ပို့ပေးမယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ မာရန်းကျေးရွာဟာ ထိုင်းဘက်ခြမ်း ကရပူရီမြို့နယ်နဲ့ ရေချောင်းတခုသာ ခြားထားပါတယ်။ 

Source:  ရနောင်းဒေသတွင်းသတင်း 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013