DVB Logo
Home
နိုင်ငံတကာ
အင်ဒို ခေါင်းမြီးခြုံရော့ခ်ဂီတအဖွဲ့ VoB ကမ္ဘာ့ဂီတပွဲတော်၌ ဖျော်ဖြေခွင့်ရ
DVB
·
June 24, 2024
အင်ဒို ခေါင်းမြီးခြုံရော့ခ်ဂီတအဖွဲ့ VoB ကမ္ဘာ့ဂီတပွဲတော်၌ ဖျော်ဖြေခွင့်ရ
Donate to DVB

အစ္စလာမ္မစ် ခေါင်းမြီးခြုံထည်၊ လူမှုတာဝန်သိဖို့ နှိုးဆော်တဲ့ စာသားနဲ့ အားကောင်းတဲ့ မက်တယ်ဂီတ ပေါင်းစပ်ထားတဲ့ အင်ဒိုနီးရှား အမျိုးသမီး ရော့ခ်ဂီတအဖွဲ့ဟာ သမိုင်းမှတ်တမ်းသစ်တရပ် ရေးထိုးခွင့်ရတော့မှာ ဖြစ်ပါတယ်။

အမေရိကန်ကနေ ပြင်သစ်အထိ ကမ္ဘာတလွှား ဖျော်ဖြေခဲ့ဖူးတဲ့ Voice of Baceprot (VoB) အဖွဲ့ဟာ ရှေ့တပတ် ဇွန် ၂၈ ရက်မှာ ကမ္ဘာကျော် ဂလတ်စတန်ဘရီ ဂီတပွဲတော်မှာ ဖျော်ဖြေခွင့်ရမှာ ဖြစ်ပါတယ်။

ကိုးပလေးတို့ ရှာနီးယားတွိန်းတို့နဲ့ အတူတူ ကမ္ဘာ့အကြီးဆုံး ဂီတဖျော်ဖြေပွဲတခုဖြစ်တဲ့ ဂလတ်စတန်ဘရီမှာ ဖျော်ဖြေခွင့်ရတာဟာ အင်ဒိုနီးရှားဂီတအဖွဲ့တခုအတွက် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Baceprot ဆိုတာ အင်ဒိုက ဆန်ဒန်နိစ် တိုင်းရင်းသားစကားအရ ဆူညံမှုလို့ အဓိပ္ပာယ်ရပါတယ်။ ဘာသာတရားအဆုံးအမနဲ့အညီ ခေါင်းမြီလည်းခြုံရင်း မက်တယ်သံစဉ်တွေလည်း သီဆိုဖျော်ဖြေရင်း ဖြတ်သန်းခဲ့တဲ့ VoB အဖွဲ့ကို အမျိုးသမီး ၃ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

အစ္စလာမ္မစ်ကျောင်းတကျောင်းမှာ ဆုံခဲ့ကြတဲ့ သူငယ်ချင်း ၃ ဦးဟာ ၂၀၁၄ မှာ ဒီအဖွဲ့ကို ထူထောင်ခဲ့တာဖြစ်ပါတယ်။

၃ ဦးစလုံး အသက် ၂၄ နှစ်ပဲ ရှိကြသေးပြီး အမေရိကန်တေးဂီတအဖွဲ့ System of a Down ရဲ့ Toxicity သီချင်းကနေစလို့ မက်တယ်လ်ဂီတကို ရူးသွပ်ခဲ့ကြတာလို့ ဆိုပါတယ်။

သူတို့တွေဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013