DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီ ပြတ်လာသဖြင့် မြစ်ကြီးနားတွင် ဘက်ထရီဆိုင်ကယ်စီးသူများလာ
DVB
·
June 23, 2024
စက်သုံးဆီ ပြတ်လာသဖြင့် မြစ်ကြီးနားတွင် ဘက်ထရီဆိုင်ကယ်စီးသူများလာ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စက်သုံးဆီတွေ ပြတ်လပ်လာပြီးနောက် ဘက်ထရီဆိုင်ကယ် စီးနင်းသူ ပိုများလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့ စက်သုံးဆီ မကြာခဏ ပြတ်လပ်တာ၊ ဈေးနှုန်းမြင့်တက်တာတွေကြောင့် ဘက်ထရီ ဆိုင်ကယ် ဝယ်ယူစီးနင်းသူ ပိုများလာတာလို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

မြို့ခံတယောက်က “ဒီမှာက ဓာတ်ဆီ ခဏ ခဏ ပြတ်တယ်။ ဆီဈေးကလည်း မြင့်တယ် ဆိုတော့ ခုနောက်ပိုင်း ဘက်ထရီဆိုင်ကယ် စီးနင်းတာက ပိုများလာတယ်။ ဘက်ထရီဆိုင်ကယ်ကိုတော့ အနားပတ်ဝန်းကျင် ရုံးသွား ဈေးသွား ကျောင်းသွား စီးကြတာ များတယ်” လို့ ပြောပါတယ်။

ဘက်ထရီဆိုင်ကယ်တွေကို အများအားဖြင့် အမျိုးသမီးအများစုနဲ့ ကျောင်းသူကျောင်းသားတွေ၊ ရုံးဝန်ထမ်းတွေ အများဆုံး စီးနင်းကြတာဖြစ်ပါတယ်။

ဆိုင်ကယ်အရောင်းဝယ်လုပ်သူ အမျိုးသားတယောက်က  “ဆီက ပြတ်နေပြီဆိုတော့  ဆီဈေးက တက်လာတယ်။ အတော်များများက ဆီချွေတာတဲ့အနေနဲ့ ဘက်ထရီဆိုင်ကယ် ဝယ်စီးကြတယ်။ ရုံးဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ အမျိုးသမီးတွေ ဝယ်ယူတာပိုများတယ်။ ဒီ ၂၀၂၄ နှစ်စ က စပြီး ဘက်ထရီဆိုင်ကယ်တွေ အရင်ထက် ပိုပြီးရောင်းလာရတယ်” လို့ ပြောပါတယ်။

ဘက်ထရီဆိုင်ကယ် အသစ်တစီးကို အမျိုးအစားပေါ်မူတည်ပြီး ကျပ် ၂၂ သိန်း ဝန်းကျင်ကနေ ကျပ် ၂၆ သိန်း အထိရှိပြီး အသုံးပြုပြီးဘက်ထရီဆိုင်ကယ် (တပတ်ရစ်) တွေကတော့ ၉ သိန်းကျပ်ဝန်းကျင်ကနေ ၁၅ သိန်းကျပ် ဝန်းကျင်အထိ ရောင်းချနေကြပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ကစတင်ပြီး ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်တချို့ စက်သုံးဆီပြတ်လပ်နေတဲ့အတွက် အရောင်းရပ်နားထားပြီး တချို့ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တွေမှာတော့ 92 ဓာတ်ဆီ တလီတာကို ကျပ် ၅,၀၀၀ နဲ့ ရောင်းချနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013