DVB Logo
Home
နိုင်ငံတကာ
အာကန်ဆပ်စ် စူပါမားကက် ပစ်ခတ်မှု၌  ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
DVB
·
June 22, 2024
အာကန်ဆပ်စ် စူပါမားကက် ပစ်ခတ်မှု၌  ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
Donate to DVB

အမေရိကန်ပြည်ထောင်စု အာကန်ဆပ်စ်ပြည်နယ်က စူပါမားကတ် တခုမှာ ဇွန် ၂၁ ရက်က သေနတ်သမား တဦးရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ရဲအရာရှိ ၂ ဦးအပါအဝင် တခြားလူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာကန်ဆပ်စ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

လစ်တဲရော့ခ်မြို့တော်ရဲ့ တောင်ဘက် မိုင် ၇၀ အကွာရှိ လူပေါင်း ၃၂၀၀ နေထိုင်တဲ့ ဖှောဒိုက်စ် မြို့လေးက မဒ်ဘွတ်ချာ ကုန်စုံဆိုင်မှာ ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း 911 အရေးပေါ်ဖုန်းကို ၁၁ နာရီ ၃၈ မိနစ်မှာ လက်ခံရရှိခဲ့တာလို့ အာကန်ဆပ်စ် ပြည်နယ်ရဲအဖွဲ့ရဲ့ ဒါရိုက်တာနဲ့ အများပြည်သူ့ဘေးကင်းရေး အတွင်းရေးမှူး မိုက်ခ်ဟာဂါက သတင်းထောက်တွေကို ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့လည်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ကံမကောင်းစွာနဲ့  အရပ်သား ၁၁ ဦး အပစ်ခံရပြီး ၃ ဦး သေဆုံးကြောင်း အတည်ပြုပါတယ်။ 

အပြန်အလှန် ပစ်ခတ်မှုကြောင့် ဥပဒေအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး သံသယရှိသူတွေလည်း ပစ်ခတ်ခံရကြောင်း၊ တရားခံကိုလည်း သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးထားကြောင်း ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ တရားခံရဲ့ ထိခိုက်ဒဏ်ရာရရှိမှုမှာ အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ ကျန်အရပ်သား ဒဏ်ရာရရှိထားမှုတွေကတော့ အသက်အန္တရာယ် မခြိမ်းခြောက်တဲ့အဆင့်ကနေ အရမ်းစိုးရိမ်ရတဲ့ အခြေအနေအထိ ရှိကြောင်းလည်း မိုက်ခ်ဟာဂါက ပြောပါတယ်။ 

အုပ်ချုပ်ရေးမှူး ဆာရာ ဟပ်ကာဘီး ဆန်းဒါးစ်ကလည်း အဆက်မပြတ် ဆက်သွယ်နေပြီး ဒီစုံစမ်းစစ်ဆေးမှုမှာ အထောက်အကူဖြစ်စေဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ရပ်ရွာနဲ့ ဒါးလပ်စ် ကောင်တီ အတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးနေကြောင်းလည်း ပြောပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013