DVB Logo
Home
နိုင်ငံတကာ
အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေမူကြမ်းအတွက် တိဘက် ခေါင်းဆောင် ကြိုဆို
DVB
·
June 21, 2024
အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့သည့် ဥပဒေမူကြမ်းအတွက် တိဘက် ခေါင်းဆောင် ကြိုဆို
Donate to DVB

တိဘက်ပြည်ပြေးတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ တွန်းအားပေးမယ့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က ဇွန် ၁၉ ရက်မှာ အတည်ပြုခဲ့တဲ့အတွက် တိဘက်နိုင်ငံရေး ရုန်းကန်မှုမှာ အရေးပါတဲ့ ခြေလှမ်းတရပ်လို့ ခေါ်ဆိုရင်း တိဘက်ပြည်ပြေး နိုင်ငံရေးခေါင်းဆောင် ပမ်ပါ ဆီရင်က အမေရိကန်ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ဒီမိုကရက်တစ်ပါတီက နန်စီပေလိုစီ အပါအဝင် လွှတ်တော်အမတ်တွေဟာ ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းပေါ်က ဒါရမ်ဆာလာ မြို့မှာ ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့ပြီး ဥပဒေကြမ်းတစောင်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင်ကို ခွဲထွက်ရေးသမားလို့ခေါ်တဲ့ တရုတ်နိုင်ငံက ဒလိုင်လားမားကို ဆက်ခံမယ့်သူကို ရွေးချယ်ရာမှာ လွှမ်းမိုးခွင့်မပြုဘူးလို့ လွှတ်တော်အမတ်တွေက ပြောခဲ့ပါတယ်။

တရုတ်နဲ့ အိန္ဒိယအကြား စစ်ရေးအရ ဆက်ဆံရေး တင်းမာလာပြီးတဲ့ နောက် ၄ နှစ်အကြာမှာ အငြင်းပွားနေတဲ့ ဟိမဝန္တာတောင်တန်းပေါ်မှာ ထာဝရငြိမ်းချမ်းရေးရဖို့ အိန္ဒိယက တရုတ်ကို တွန်းအားပေးနေခဲ့တာပါ။

အမေရိကန်နဲ့ တရုတ်ပြည်မကြီး အစိုးရတို့ကြား မချောမွေ့တဲ့ ဆက်ဆံရေးကို တည်ငြိမ်အောင် ကြိုးပမ်းနေချိန်မှာ ခုလိုမှတ်ချက်ပြုလာခဲ့တာပါ။

တိဘက်ပြဿနာကို ဖြေရှင်းဖို့ ၂၀၁၀ ပြည့်နှစ်ကတည်းက ရပ်တန့်နေတဲ့ တိဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အရေး အမေရိကန်အစိုးရက တရုတ်အစိုးရကို ဖိအားပေးမယ်လို့ လွှတ်တော်အမတ်တွေက အချက်ပြခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒန်က မကြာမီ လက်မှတ်ထိုးတော့မယ်လို့ သူတို့က ပြောပါတယ်။

ဒလိုင်းလားမားကို အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားလို့ခေါ်တဲ့ တရုတ်ပြည်မကြီး အစိုးရက ဥပဒေကြမ်းနဲ့ နိုင်ငံရေးသမားတွေရဲ့ ခရီးစဉ်အတွက် စိုးရိမ်တယ်လို့ ပြောရင်း လားမားအုပ်စုနဲ့ အဆက်အသွယ် မလုပ်ဖို့နဲ့ ဥပဒေကြမ်းကို လက်မှတ် မထိုးဖို့ ဘိုင်ဒန်ကို တိုက်တွန်းထားပါတယ်။

တိဘက်မှာ တရုတ်အုပ်စိုးမှုကို ဆန့်ကျင်တဲ့ မအောင်မြင်တဲ့ အုံကြွမှုအပြီး ၁၉၅၉ ခုနှစ်မှာ  ဒလိုင်းလားမားဟာ အိန္ဒိယနိုင်ငံဆီ ထွက်ပြေးခဲ့ရပါတယ်။

ကျန်းမာရေးပြဿနာတွေကို နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရတဲ့ အသက် ၈၈ နှစ်အရွယ် ဒလိုင်လားမားဟာ ဆေးကုသခံဖို့ အခုသီတင်းပတ်အတွင်း အမေရိကန်ဆီ လေယာဉ်နဲ့သွားဖို့ စီစဉ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013