DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် ဦးပဥ္စင်း ၁ ပါး ပျံလွန်တော်မူ၊ ကလေးငယ် ၄ ဦးအပါ ၈ ဦး ဒဏ်ရာရ
DVB
·
June 20, 2024
ပင်လောင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် ဦးပဥ္စင်း ၁ ပါး ပျံလွန်တော်မူ၊ ကလေးငယ် ၄ ဦးအပါ ၈ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့တောင်ဘက် ကျေးရွာတွေထဲကို ဇွန် ၁၉ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဦးပဥ္စင်းတပါး ပျံလွန်တော်မူပြီး ကလေးငယ် ၄ ဦး အပါအဝင် ဒေသခံ ၈ ဦး  ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်လက်နက်ကြီး ထိမှန်လို့ လွယ်ကျိုင်းရွာက ဦးပဥ္စင်းတပါးပွဲချင်းပြီး ပျံလွန်တော်မူပြီး ဆောင်လန်စစ်ရှောင်စခန်းမှာ စစ်ရှောင်ကလေးငယ် ၂ ဦး အပါအဝင် စစ်ရှောင် ၄ ဦး၊ ဗန်းမောက်ရွာက အမျိုးသားတဦး၊ နမ်းဖာမူရွာက အမျိုးသားတဦး၊ မိုးဦးရွာက မူလတန်းကျောင်းသား ၂ ဦးတို့ အသီးသီး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိတယ်လို့ ဒေသခံထံက သိရပါတယ်။

လွယ်ကျိုင်းရွာခံတဦးက “ဦးပဥ္စင်းက လက်နက်ကြီးအစ တင်ပါးကနေ ထိုးဖောက်လာတာ။ ပွဲချင်းပဲ သေသွားတယ်။ ဒဏ်ရာရတဲ့အထဲ ဆောင်လန်က စစ်ရှောင်ကလေး ၂ ဦး၊ နမ်းဖာမူက ဦးဒေါင့် သူတို့က စိုးရိမ်ရတယ်။ ကျန်တာတော့ အသေးစားဒဏ်ရာပဲ ရတယ်။ စစ်တပ်က လူနေနေတဲ့ ကျေးရွာထဲကိုပဲ ပစ်လာတာ၊ အရမ်းယုတ်မာတာပဲ” လို့ ပြောပါတယ်။

အဲဒီဒေသမှာ ဇွန် ၁၇ ရက်ကစပြီး ကရင်နီတော်လှန်ရေးအင်အားစုတွေ ဝင်လာပြီးနောက် စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်လည်း ထိုးစစ်ဆင် တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ဗန်းမောက်ရွာခံတဦးက “ဗန်းမောက်၊ လဲလောင်း၊ ပင်စုံ၊ ဆောင်လန်ဘက်တကြော မထွက်ပြေးရသေးဘူးလေ။ တိုက်ပွဲလည်း ရုတ်တရက်ဖြစ်တော့ စစ်တပ်နဲ့ PNO က ညောင်ရွှေ၊ ပင်လောင်းဘက်သွားတဲ့လမ်းကို အကုန်ပိတ်တာ။ အဲဒါကြောင့် အများစုက မထွက်နိုင်ဘူး။ တိုက်ပွဲထဲ ပိတ်မိနေတာ ခုထိပဲ။ လိုင်းကလည်း ရတချက် မရတချက်၊ လက်နက်ကြီးကလည်း ရွာထဲကျတယ်။ ဘုန်းကြီးကျောင်းထဲလည်း ကျတယ်” လို့ ပြောပါတယ်။

အခု စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေက နှစ်ဖက်စလုံး စစ်အင်အား ဖြည့်တင်းနေပြီး စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲကြောင့် ပင်လောင်းတောင်ဘက် ကျေးရွာ ၂၅ ရွာက အရပ်သား ၃၀,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရသလို မထွက်ပြေးနိုင်ဘဲ တိုက်ပွဲအတွင်း ပိတ်မိနေသူလည်း များစွာရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013