DVB Logo
Home
နိုင်ငံတကာ
ရုရှားသမ္မတပူတင် ဗီယက်နမ်ကို အလည်အပတ်ရောက်ရှိ
DVB
·
June 20, 2024
ရုရှားသမ္မတပူတင် ဗီယက်နမ်ကို အလည်အပတ်ရောက်ရှိ
Donate to DVB

ရုရှားသမ္မတ ပူတင်ဟာ အာရှခရီးစဥ် ဒုတိယနိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံကို ရောက်ရှိနေပါတယ်။

မြောက်ကိုရီးယားနဲ့ ကာကွယ်ရေးဆိုင်ရာစာချုပ် ချုပ်ဆိုပြီးနောက် အရှေ့တောင်အာရှ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကို ခရီးဆက်ခဲ့တာပါ။

ယူကရိန်းကို ထိုးစစ်ဆင်တဲ့အချိန် အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေ ခံနေရတဲ့ ရုရှားနိုင်ငံအတွက် ထောက်ခံမှုရဖို့ ဗီယက်နမ်ကိုလာတာ ဖြစ်ပါတယ်။

ဗီယက်နမ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အရေးမှာ ကြားနေဝါဒကိုပဲ ကိုင်ဆွဲထားတယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပါတယ်။

ပူတင်က ဗီယက်နက်ရဲ့ ရပ်တည်ချက်ကို ချီးကျူးထားပြီး ၂ နိုင်ငံ စွမ်းအင်၊ ကုန်သွယ်မှုနဲ့ ချေးငွေကိစ္စများ ဆောင်ရွက်ဖွယ်ရှိကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီသတင်းက ဖော်ပြပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ နိုင်ငံတကာမှာ သီးခြားနိုင်ငံတွေ ဖြစ်လာတာကြောင့် ဗီယက်နမ်ကလည်း အမေရိကန် အပါအဝင် EU နဲ့ ပူးပေါင်းမှုကို သတိထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဗီယက်နမ်ကို ပူတင်လာတာက အနောက်အုပ်စုက ပိတ်ပင်ထားမှုတွေ အလုပ်မဖြစ်ဘူးဆိုတာ ပြသတာဖြစ်တယ်လို့ ဗီယက်နမ်အရေးကျွမ်းကျင်သူ ကားလ်သာယာက ဆိုပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ထိုးစစ်ဆင်ပြီးနောက် အမေရိကန်နဲ့ အနောက်အုပ်စုတွေရဲ့ ပိတ်ဆို့မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် မတ်လမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ယူကရိန်းကို ကျူးကျော်စစ်ပြုလုပ်မှုနဲ့ သမ္မတ ပူတင်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဒါပေမဲ့ ICC အဖွဲ့ထဲမှာ ရုရှားနဲ့ ဗီယက်နမ်တို့ ပါဝင်ခြင်းတော့ မရှိပါဘူး။

ပူတင် ဗီယက်နမ်ကိုလာတာဟာ တရုတ်၊ မြောက်ကိုရီးယားနိုင်ငံတွေပြီးရင် တတိမြောက် အာရှနိုင်ငံ ဖြစ်လာပါတယ်။

ပူတင်ဟာ ၂၀၁၇ ခုနှစ်တုန်းက ဗီယက်နမ်ကို ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးပြီး အခုအချိန်ဟာ သူ့အတွက် ၅ ကြိမ်မြောက် လာရောက်တာဖြစ်ပါတယ်။

ပူတင်ရဲ့ ဗီယက်နမ်ခရီးစဥ်မှာ ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူထရွန်၊ သမ္မတ တိုလမ်နဲ့ ဝန်ကြီးချုပ် ဖန်မင်ချင်းတို့နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ရုရှားနဲ့ ဗီယက်နမ်တို့ဟာ စစ်အေးခေတ် ဆိုဗီယက်ယူနီယံနိုင်ငံအဖြစ် ရှိစဥ်ကတည်းက ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့တာပါ။

လက်ရှိ ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖူထရွန် အပါအဝင် စစ်သား ၁၀,၀၀၀ ကျော် ဆိုဗီယက်မှာ ပညာသင်ခဲ့ဖူးပါတယ်။

ပူတင်ဟာ ဗီယက်နမ်နိုင်ငံနဲ့ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ ပညာရေး စတဲ့ အခန်းကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူသွားဖွယ် ရှိပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013