DVB Logo
Home
မြန်မာသတင်း
ပတ္တယားတွင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၇၀ ကျော် ဖမ်းဆီးခံရ 
DVB
·
June 20, 2024
ပတ္တယားတွင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၇၀ ကျော် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဘန်လမွန်းမြို့နယ် ပတ္တယားကမ်းခြေဒေသမှာ မြန်မာ အများစုပါသော တရားမဝင်ရွှေ့ပြောင်းလုပ်သား ၇၄ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသ တင်းတွေအရ သိရပါတယ်။ 

ဘန်လမွန်းမြို့နယ် နောင်ပရီရပ်ကွက် မြေစာရင်းရုံးသွားလမ်းက တိုက်ခန်းတွေမှာ တရား မဝင်အလုပ်သမားတွေ ဝင်ရောက်နေထိုင်ကြောင် သတင်းပေးချက်ရတဲ့အတွက် ချွန်းပူးရီးခရိုင် လဝကရဲတပ်ဖွဲ့၊ အလုပ်သမားရုံး၊ နယ်မြေခံအုပ်ချုပ်ရေးဌာန နဲ့ ရဲတပ်ဖွဲ့တွေပါတဲ့ ပူးပေါင်းအဖွဲ့ တွေဟာ ပြီးခဲ့တဲ ဇွန် ၁၈ ရက်နေ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်း ထောက်ကို ပြောပါတယ်။ 

တာဝန်ရှိသူတွေဟာ တခန်းဝင် တခန်းထွက် လိုက်လံစစ်ဆေးခဲ့ကြောင်း၊ အဆိုပါ လမ်းထဲရှိ အိမ်ငှါးတိုက်ခန်းတွေထဲကနေ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသား ၆၀ နဲ့ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၆၈ ဦးဖမ်း ဆီးရမိပြီး  မြန်မာအများစုနဲ့ အိန္ဒိယနိုင်ငံသားအချို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

မြန်မာအလုပ်သမားတွေ ထွက်ဆိုချက်အရ သူတို့တွေဟာ ပတ္တယားကမ်းခြေရှိ စားသောက်ဆိုင်နဲ့ ကြုံရာကျပန်း အလုပ်တွေ ဝင်ရောက်လုပ်ကိုင်နေကြကြောင်း၊  ထိုင်းနိုင်ငံထဲကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တောလမ်းက ဝင်ရောက်လာပြီး  ချွန်းပူးရီးကိုတော့ ဘတ်စ်ကားတွေနဲ့လာကြကြောင်း၊ မြန်မာပြည်ထဲမှာ စစ်ဖြစ်နေလို့  စားဝတ်နေရေးအတွက် ထိုင်းမှာ အလုပ်လာလုပ်ရတာလို့ ဆိုပါတယ်။ 

အလုပ်ရှင်ဖြစ်သူကတော့ သူ့အနေနဲ့  တရားဥပဒေနဲ့ညီညွတ်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ သူ့အလုပ်သမားတွေ အထောက်အထားရရှိဖို့  အေဂျင်စီကို  အလုပ်သမားတယောက်အတွက် ဘတ်ငွေ ၄၈,၁၀၀ ပေးချေထားပြီးဖြစ်ပေမယ့် အေဂျင်စီက အလုပ်လုပ်တာ ကြာမြင့်တဲ့အတွက် လက်မှတ်ခုထိမရသေး၊ တချို့လည်း စောင့်ဆိုင်းရင်းနဲ့ စာအုပ်သက်တမ်း ကုန်သွားတယ်လို့  ပြောသွားပါတယ်။

အလားတူ ဇွန် ၁၉ ရက်ကလည်း ချွန်းပူးရီး လဝကရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ဘန်လမွန်းမြို့နယ် ဟွေ့ယိုင်ရပ်ကွက် ချတ်နောက်ရေလှောင်တမံအနီးရှိ ဆောက်လုပ်ရေး အလုပ်သမားတွေ စုနေတဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

အဆိုပါနေရာကနေ အထောက်အထားမဲ့ မြန်မာ ၂၀ နဲ့ ကမ္ဘောဒီးယား ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်၊ သူတို့ဟာ ထိုင်းနိုင်ငံထဲကို တာ့ခ်ခရိုင်တောလမ်းဘက်ကနေ တရားမဝင် ဝင်ရောက်လာကြတယ်၊ အများစုဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လာရောက်လုပ်ကိုင်နေ ကြတယ်လို့ ဆိုပါတယ်။ 

သူတို့အားလုံးကို လဝကဥပဒေ၊ အလုပ်သမားဥပဒေတွေနဲ့ အရေးယူဖို့ ဘန်လမွန်းနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

ကိုးကား - Matichon Online / siamrath.co.th 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013