DVB Logo
Home
မြန်မာသတင်း
ချောင်းဦးနှင့်မြင်းမူတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ၊ ရေစကြို၌ စစ်သား ၁ ဦး လက်နက်ချပြီး ထွက်ပြေး
DVB
·
June 20, 2024
ချောင်းဦးနှင့်မြင်းမူတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ၊ ရေစကြို၌ စစ်သား ၁ ဦး လက်နက်ချပြီး ထွက်ပြေး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က မန္တလေး-မုံရွာလမ်းပေါ်မှာ ဇွန် ၁၉ ရက်၊ မနက် ၈ နာရီလောက် အရပ်သားအသွင်ယူပြီး မိုင်းရှင်းနေကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၃ ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ Aera 71 PDF တပ်ဖွဲဆီကနေ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ရာမှာပါ၀င်ခဲ့တဲ့ Aera 71 PDF တပ်ဖွဲ့၀င် ရဲဘော်တဦးက “အရင်ရက်တွေက ခရီးသွားပြည်သူတွေကို လမ်းပေါ်မှာ မိုင်းရှင်းခိုင်းပြီး ဒီနေ့ကျတော့ ‌ေ-တွေက အရပ်၀တ်တွေနဲ့ပုံမှားရိုက်ပြီး မိုင်းရှာနေကြတာ။ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းပေါ် တည့်တည့်လည်း ရာက်လာရော မိုင်းဆွဲလိုက်တာ ‌ေ- ၃ ကောင် နေရာမှာပင်ပွဲချင်းပြီး ငရဲအိုးဇောက်ထိုးဆင်းသွားလေရဲ” လို့ ပြောပါတယ်။ 

မန္တလေး-မုံရွာလမ်းပေါ်မှာ ဇွန် ၁၇ ရက်နေ့ကနေစပြီး ခရီးသွားနေကြတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မိုင်းရှင်းခိုင်းနေတယ်လို့ Aera 71 PDF  တပ်ဖွဲ့ရဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ရဲဘော်တွေ စောင့်ကြည့်နေတာဗျ။ စစ်‌ေ-တွေနဲ့ ပျူ‌ေ-တွေက ခရီးသွားလူစီးကားတွေကိုတားပြီး ခရီးသည်တွေကို မိုင်းရှင်းခိုင်းနေတာ။”

မန္တလေး-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီရဲ့ ကြေးနီတင်ယာဉ်တန်းတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်ကတော့ ကြေးနီတင်ယာဉ်တန်းတွေအတွက် စစ်သားအင်အား တိုးမြှင့်ချထားတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကြေးနီတင်ယာဥ်တန်းကို ဇွန် ၁၈ ရက်၊ ညနေ ၅ နာရီ၀န်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကား ၁ စီးတိမ်းမှောက်ပြီး ယာဉ်မောင်းသေဆုံးသွား​တယ်လို့ Dog Killers People's Defence Force Myinmu (DKPDF-MMU) ဆီကနေ သိရပါတယ်။

DKPDF-MMU ရဲ့ တာ၀န်ခံတဦးက “မုံရွာကနေ လုံခြုံရေးတွေနဲ့လာတဲ့ ခွေးတပ်က ၁၇ စီးပါတဲ့ ကြေးနီတင်ယာဥ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်းပေါ်က ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က ပတ်၀န်းကျင်ကို ရမ်းသန်းပြး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ကား ၁ စီးမှောက်သွားတာကိုတော့ မျက်မြင်တွေ့ခဲ့ရပါတယ်။ ‌ေ-တွေဘက်က ရမ်းပစ်နေလို့ မြန်မြန်ပြန်ဆုတ်ခဲ့ရတယ်။ နောက်မှ အဲ့ဒီကား Driver သေတယ်ဆိုတာသိရတာပါ” လို့ မိုင်းဆွဲတိုက်ခိုက်မှုမှာ ပါ၀င်ခဲ့တဲ့ရဲဘော်တဦးက DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားကြပြီး DKPDF-MMU က ရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇွန် ၁၉ ရက် မနက် ၉ နာရီ၀န်းကျင်က တောင်အိုကျေးရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်ကနေ ထန်းရည်သောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို လိုက်လံဖမ်းဆီးစဉ် လက်နက်ချပြီး ထွက်ပြေးသွားတဲ့အတွက် သေနတ် ၁ လက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရရှိခဲ့​တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ ဆီကနေသိရပါတယ်။

ပခုက္ကူခရိုင်တပ်ရင်း ၃ ရဲ့ ရဲဘော်တဦးက “အရင်နေ့တွေကတော့ အဖွဲ့လိုက်ထွက်လာနေကြ။ ဒီနေ့မှတယောက်တည်းထွက်လာတာ။ ကျနော်တို့တွေ အရှင်ဖမ်းမိဖို့ကြိုးစားတာကို အခွင့်ကောင်းယူပြီးတော့ သူမှာပါတဲ့ လက်နက်တွေချထားခဲ့ပြီး ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားကို ပခုက္ကူခရိုင်တပ်ရင်း ၃ စိုးမိုးနယ်မြေနဲ့ ထိစပ်နေတဲ့နယ်မြေရဲ့ တော်လှန်ရေးအဖွဲ့အစည်းတခုက ဖမ်းမိသွား​တယ်လို့ သိရပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

“အမေစုရဲ့ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ပြုလုပ်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုဟာ အောင်အောင်မြင်မြင်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း အကြမ်းဖက်စစ်ခွေးတွေက မတရာဖမ်းဆီးထားတဲ့ အမေစု အပါအဝင် အကျဉ်းချထားခံရသူတွေ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရအောင်လည်း အခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တော်လှန်ကဏ္ဍတွေကို ဆက်လက်ကြိုးစားဆောင်ရွက်သွားပါမယ်ဆိုတာကို ကတိသစ္စာပြုလိုက်ပါတယ်” လို့ ​ပခုက္ကူခရိုင်တပ်ရင်း ၃ ရဲ့ တာ၀န်ရှိသူတဦးက DVB ကို ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ချထားခဲ့တဲ့ MA 1 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခုနဲ့ ၅.၅၆ ကျည် ၄၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့​တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013