DVB Logo
Home
အားကစား
ဟန်ဂေရီ ကိုနိုင်ပြီး အိမ်ရှင် ဂျာမနီအသင်း ၁၆ သင်းအဆင့် တက်ရောက်
DVB
·
June 20, 2024
ဟန်ဂေရီ ကိုနိုင်ပြီး အိမ်ရှင် ဂျာမနီအသင်း ၁၆ သင်းအဆင့် တက်ရောက်
Donate to DVB

ဟန်ဂေရီအသင်းကို  ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အိမ်ရှင်ဂျာမနီအသင်းဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဂျာမနီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်က လူစာရင်းအတိုင်း ဟန်ဂေရီကို ရင်ဆိုင်ခဲ့ပြီး ပွဲချိန်  ၂၂ မိနစ်မှာ မူစီယာလာက တဂိုး၊ ပွဲချိန် ၆၇ မိနစ်မှာ ဂွမ်ဒိုဂမ်က တဂိုး သွင်းယူနိုင်ခဲ့တာပါ။ 

၂ ပွဲကစား ၂ ပွဲ အနိုင်ရရှိခဲ့တဲ့ ဂျာမနီအသင်းဟာ ဒီနှစ်ပြိုင်ပွဲမှာ  ၁၆ သင်းအဆင့်ကို ပထမဆုံးတက် ရောက်ခဲ့တဲ့အသင်း ဖြစ်လာခဲ့တာပါ။

ဂျာမနီအသင်းဟာ လက်ကျန်အုပ်စုပွဲစဉ်အဖြစ် လာမယ့်  ဇွန် ၂၄ ရက် မှာ ဆွစ်ဇာလန်အသင်းနဲ့ ကစားသွားရမှာပါ။

ဂျာမနီအနေနဲ့ အုပ်စုပထမနေရာ ရခဲ့မယ်ဆိုရင် အင်္ဂလန်၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားနဲ့ ဆားဘီးယားတို့ပါဝင်တဲ့ အုပ်စု C က ဒုတိယရ အသင်းနဲ့ ၆ သင်းအဆင့်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013