DVB Logo
Home
မြန်မာသတင်း
ရွှေအသင်းက ရည်ညွှန်းဈေးကို တပတ်အတွင်း ၁ သိန်းနီးပါး ဆွဲချ
DVB
·
June 19, 2024
ရွှေအသင်းက ရည်ညွှန်းဈေးကို တပတ်အတွင်း ၁ သိန်းနီးပါး ဆွဲချ
Donate to DVB

ရန်ကုန် ရွှေအသင်းက ရည်ညွှန်ဈေးကို သီတင်းပတ် တပတ်ကျော်အတွင်း ကျပ် တသိန်းဝန်းကျင်ထိ ဆွဲချခဲ့ပါတယ်။

ဒီနေ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းဈေးက အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၄,၅၈၄,၈၆၅ ကျပ်နဲ့ ဈေးပိတ်ခဲ့ပြီး ဇွန် ၁၁ ရက် ရည်ညွှန်းဈေးနဲ့ယှဉ်ရင် ကျပ်တသိန်းဝန်းကျင် အကျရှိခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးကလည်း မကြာသေးခင်က တအောင်စကို ဒေါ်လာ ၂,၃၃၇ ရှိခဲ့ပြီး လတ်တလောမှာ ဒေါ်လာ ၂,၃၁၆ ကို ပြန်ကျဆင်းလာပါတယ်။

ပြင်ပရွှေဈေးကတော့ ဒီနေ့ညနေပိုင်းမှာ တကျပ်သားကို ၅၄ သိန်းဝန်းကျင်ထိရှိပြီး ဒီနေ့ မနက်ပိုင်းက ပေါက်ဈေးအောက် ကျပ် ၄၀,၀၀၀ ဝန်းကျင် ပြန်ဆင်းလာတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက ရွှေဈေး ကျပ်သိန်း ၆၀ နီးပါးထိ စံချိန်တင် ထိုးတက်ပြီးတဲ့နောက် ရန်ကုန်ရွှေအသင်းရဲ့ သတ်မှတ်ဈေးနှုန်းနဲ့သာ အရောင်းအဝယ်လုပ်ဖို့ ရွှေဆိုင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေကို သတိပေးစာ ထုတ်ပြန်ခဲ့ပေမဲ့ ဆိုင်တချို့မှာတော့ ပြင်ပဈေးနဲ့ပဲ ဆက်ပြီး ရောင်းချနေတယ်လို့ ရွှေဝယ်ယူသူတွေဆီက သိရပါတယ်။

ရန်ကုန်မြို့က ရွှေဝယ်ယူသူတဦးက “ကိုယ့်ဘက်ကရောင်းရင် သတ်မှတ်စျေးနဲ့တဲ့၊ ကိုယ်ပြန်ဝယ်ရင်တော့ ပေါက်စျေးနဲ့တဲ့။ ၇ သိန်း ၈ သိန်းလောက်ကြီး ကွာနေတာကြီးကျ အဆင်မပြေဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ ပြင်ပ ရွှေ၊ အတုံး၊ အခဲ ဈေးကွက်ကလည်း ရပ်တန့်သလောက် ဖြစ်နေပြီး ရွှေလုပ်ငန်းရှင်တွေနဲ့ ရွှေဝယ်ရောင်းသမားတွေကို စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

ရွှေအသင်းဟာ အရင်ကတည်းက ရွှေရည်ညွှန်းဈေးတွေကို နေ့စဉ်ထုတ်ပြန်ခဲ့ပေမဲ့ ရွှေအသင်းက လူကြီးပိုင်းတွေပိုင်ဆိုင်တဲ့ ရွှေဆိုင်တွေ အပါအဝင် ဘယ်ရွှေဆိုင်ကမှ ရွှေအသင်းရဲ့ ရည်ညွှန်းဈေးနဲ့ ရွှေရောင်းချတာမျိုး မလုပ်ခဲ့ပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ‌ေနှာင်းပိုင်းမှာ ရွှေဈေးထိုးတက်သွားခဲ့ပြီးတဲ့ နောက်မှာတော့ စစ်ကောင်စီဟာ ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာအပြင် ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်ကြီးတွေကိုလည်း ရန်ကုန်ရွှေအသင်းဈေးနှုန်းနဲ့ အများပြည်သူကို အခေါက်ရွှေ ထုတ်ရောင်းချဖို့ ဖိအားပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013