
နွေရာသီအပြောင်းအရွှေ့အတွက် အသင်းမှာ ရှင်းလင်းတဲ့ အစီအစဉ်ရှိပြီး နည်းပြ အာမိုရင်ကို ခန့်အပ်ခဲ့တာက အမှားမဟုတ်ကြောင်း မန်ယူစီအီးအို အိုမာဘာရာဒါက ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီက ထုတ်ပယ်လိုက်တဲ့ နည်းပြဟောင်း အာမိုရင်ကို ခန့်အပ်ခဲ့တာ အမှားမဟုတ်ဘူးလို့ သူက ခုခံပြောကြားလိုက်တာဖြစ်ပြီး အာမိုရင်ဟာ အသင်းရဲ့ စံချိန်စံညွှန်းတွေကို မြှင့်တင်ပေးခဲ့လို့ ချီးကျူးဖို့လိုတယ်လို့ ဆိုပါတယ်။
လက်ရှိ ယာယီနည်းပြ ကာရစ် လက်ထက်မှာတော့ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ဘာရာဒါက ယုံကြည်နေပါတယ်။
ယူနိုက်တက်ဟာ အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင်ကို ပေါင် ၃၉ သန်းနီးပါးနဲ့ ခေါ်ယူဖို့ သဘောတူထားပြီးပါပြီ။
ဒါပေမဲ့ ယူရိုသန်း ၁၀၀ တန် အန်ဒါဆင်နဲ့ တိုနာလီ တို့ကိုတော့ ခေါ်ယူနိုင်ခြေ မရှိပါဘူး။ ဘာရာဒါကတော့ ဈေးကွက်နဲ့ အေးဂျင့်တွေရဲ့ လွှမ်းမိုးမှုကို ခံမှာမဟုတ်ဘဲ စည်းကမ်းရှိရှိ ဘတ်ဂျက်သုံးမယ်လို့ သတိပေးထားပါတယ်။










