DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စက်သုံးဆီအခက်အခဲကြောင့် နွေစပါး မရိတ်သိမ်းနိုင်ဘဲ ရပ်ထားရ
DVB
·
March 24, 2026
Photo: TawWin
Photo: TawWin
Donate to DVB

ဧရာဝတီတိုင်းမှာ စက်သုံးဆီ အခက်အခဲကြောင့် နွေစပါး ရိတ်သိမ်းဆဲလုပ်ငန်းတွေ ရပ်တန့် ထားရပြီး ဆက်လက်ရိတ်သိမ်းဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

မတ်လ ပထမအပတ်က စတင်ကာ ဧရာဝတီတိုင်းထဲမှာ နွေစပါးတွေ စတင်စရိတ်သိမ်းနေပြီး စက်သုံးဆီ လိုသလောက် ဝယ်ယူမရတဲ့အတွက် နွေစပါး ရိတ်လက်စ စပါးခင်းတွေပါ ရပ်ထားရတဲ့ အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က တောင်သူတယောက်က “စက်သုံးဆီမရလို့ စပါးတွေ ဆက်မရိတ် ရတော့ဘူး။ ၆ ဧက ရိတ်ထားပြီး ရပ်နေရတယ်။ ၈ ဧကလောက် ထပ်ရိတ်ရဖို့ ရှိသေးတယ်။ တခါမှ ဒါမျိုး မဖြစ်ဖူးဘူး။ ဈေးတက်ပေမဲ့ ဝယ်သုံးရတာပဲ။ အခုက စက်သုံးဆီ ဝယ်ပါ မရတော့ ဒုက္ခပတ်နေတာ” လို့ ပြောပါတယ်။

မတ်လပထမအပတ်မှာ ဧရာဝတီတိုင်းထဲက ရေကြည်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ပုသိမ်နဲ့ မတ်လ ဒုတိယအပတ်လောက်မှာ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်ကျွန်း၊ လပွတ္တာနဲ့ မတ်လ တတိယအပတ်ထဲမှာ အိမ်မဲ၊ ဟင်္သာတ၊ ကျောင်းကုန်း၊ ဇလွန်၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျုံပျော်၊ မြန်အောင် စတဲ့မြို့နယ်တွေမှာ နွေစပါးတွေ ရိတ်သိမ်းနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းက စပါးရိတ်သိမ်းစက် အငှားဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်တယောက်က “အရင်ခေတ်တွေက တောင်သူတွေ စပါးရိတ်ခြွေစက် အငှားဝန်ဆောင်မှုပေးသူတွေအတွက် စက်သုံးဆီကို သီးခြားစီစဉ်ပေးထားတာ ရှိတယ်။ NLD အရပ်သားအစိုးရထက်လက် ကိုဗစ်ကာလ လောက်ကပေါ့။ အခုခေတ် ဘယ်မှ အားကိုးလို့မရဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ရိတ်သိမ်းရမဲ့စပါးတွေ စက်သုံးဆီဝယ်မရတဲ့ အခက်အခဲကြောင့် ဆက်လက် မရိတ်သိမ်းနိုင်ပါက စပါးအပင်ကျွမ်းကာ အလေအလွင့်ဖြစ် ပျက်စီးဆုံးရှုံးမဲ့ အခြေအနေနဲ့ ရင်ဆိုင် နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် လယ်ဧကနည်း တောင်သူတချို့က အဆုံးအရှုံးမခံနိုင်တာကြောင့် လယ်ယာလုပ်သား ငှားရမ်းပြီး လက်နဲ့ရိတ်သိမ်းဖို့ ပြင်ဆင်နေပေမဲ့ စက်နဲ့သာ ရိတ်သိမ်းခဲ့တာကြောင့် လုပ်သား အဆက်ပြတ်ကာ ငှားမရ၊ လုပ်သားရှားပါးမှုနဲ့ပါ ကြုံနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဧရာဝတီတိုင်းတွင် စက်သုံးဆီအခက်အခဲကြောင့် နွေစပါး မရိတ်သိမ်းနိုင်ဘဲ ရပ်ထားရ