DVB Logo
Home
မြန်မာသတင်း
မတ္တရာတွင် စစ်တပ်ကပစ္စည်းလုပြီးနေအိမ်များကိုမီးရှို့၊ စစ်ကြောင်းထိုးနေသဖြင့် တီးတိန်ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေး
DVB
·
June 19, 2024
မတ္တရာတွင် စစ်တပ်ကပစ္စည်းလုပြီးနေအိမ်များကိုမီးရှို့၊ စစ်ကြောင်းထိုးနေသဖြင့် တီးတိန်ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေး
1 / 6
Donate to DVB

မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက ပြည်သာအေးကျေးရွာကို ဇွန် ၁၈ ရက်၊ နေ့လယ် ၂ နာရီ ၀န်းကျင်မှာ စစ်တပ်စစ်ကြောင်းက စီးနင်း၀င်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။

ထွက်ပြေးလာတဲ့ ရွာခံတဦးက “မီးခိုးထွက်လာတာ မြင်ရတာတော့ ၁၀ လုံးထက်မနည်းဘူး။ ရွာထဲ လူမရှိတော့ဘူး။ စစ်ကြောင်း ပြန်ထွက်သွားပြီးလို့တော့ ကြားတယ်။ ဒါပေမဲ့လည်း ရွာထဲပြန်မ၀င်ကြရဲသေးဘူး။ လူတွေက တကွဲတပြားစီပြေးကြရတာပါ၊ လေးဘက်လေးတန်ပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မတ္တရာမြို့နယ်ထဲက ဝန်တင်ကုန်းကျေးရွာကတဆင့် ပြည်သာအေး ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ သိရပါတယ်။

“ကျနော်တို့ ရွာကနေ ထွက်သွားကြတာ။ လူတွေကိုတော့ ဘာမှ လုပ်မသွားကြဘူး။ ပစ္စည်းတွေတောင်းတာကတော့ ဓားပြ တိုက်တာထက် ဆိုးတယ်။ ရွာမီးရှို့ခံရမှာ ကြောက်တာရယ်၊ သတ်ပစ်မှာကြောက်တာရယ်ကြောင့် ပေးလိုက်ရတာ” လို့ ဝန်တင်ကုန်းကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

ပြည်သာအေးကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့ ကား ၆ စီးနဲ့ စစ်တပ်စစ်ကြောင်း ဟာ ဆည်တော်-ရေနံသာကားလမ်းအတိုင်း ပြန်ထွက်သွားကြပြီး ကားလမ်းဘေး တစ်ပြွန်က လက်ဖက်ရည်ဆိုင် ၁ ဆိုင်ကို ထပ်မံမီးရှို့သွားသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မတ္တရာမြို့နယ်ထဲက ဥဒိန်ကျေးရွာကို တတိယ အကြိမ်​မီးရှို့လို့ နေအိမ်​ ၃၅ လုံး၀န်းကျင်၊ မြွေတဲအုပ်ကျေးရွာကို ဒုတိယအကြိမ်မီးရှို့လို့ နေအိမ်​ ၄ လုံး၊ မြွေကူတို့ဆိပ်ကျေးရွာကို တတိယအကြိမ်မီးရှို့လို့ နေအိမ် ၂ လုံးနဲ့ စာသင်ကျောင်းဆောင် ၁ ဆောင်တို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Wetlet Informational Network အဖွဲ့ဆီက သိရပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ကျေးရွာတွေမှာလည်း ဇွန် ၁၆ ရက်ကစပြီး စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတဦးက “စစ်သား ၁၀၀ လောက်နဲ့ စစ်ကြောင်း ထိုးနေတာ။ အခု ခွေနွဲရွာကို ၀င်နေတယ်လို့ သိရပါတယ်။ ပတ်၀န်းကျင်ရွာတွေကိုလည်း ၀င်မယ့် သဘောရှိလို့ အဲဒီရွာနဲ့ ပတ်၀န်းကျင်ရွာတွေက ရွာခံတွေ အကုန်လုံး ထွက်ပြေးနေကြတယ်။ ၁၀၀၀ နီးပါးတော့ရှိနိုင်တယ်” လို့  ပြောပါတယ်။

ကလေးမြို့ကနေ တီးတိန်မြို့နယ်ထဲကို စစ်ကူတွေ ထပ်မံပို့ဆောင်နေတာကြောင့် တီးတိန်ကို ထိုးစစ်ဆင်မယ့်အနေအထားရှိပြီး လွန်ခဲ့တဲ့ ၄ ရက်ကလည်း ချင်းတောင်ဘက်ကို စစ်ကြောင်း ထိုးလာသေးတယ်လို့  ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တဦးက ပြောပါတယ်။

CDF/ CDM (Siyin) အဖွဲ့က ကလေး-သိုင်းငင်း-တီးတိန် လမ်းပေါ်မှာ လူစုလူဝေးတွေ မလုပ်ဖို့ ထုတ်ပြန်ထားပေမဲ့ အဆိုပါလမ်းမတလျှောက်မှာ ကျေးရွာတွေကနေ ထွက်ပြေးလာကြတဲ့ ဒေသခံ အများအပြား သွားလာနေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013