DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် ကြက်သဟင်းပင် ဆေးဖက်ဝင်
DVB
·
June 19, 2024
နွေဦးပြည်သူတို့အတွက် ကြက်သဟင်းပင် ဆေးဖက်ဝင်
Donate to DVB

အာဏာအမြီးပြတ်နဲ့ ဖက်ဆစ်ခွေးယုတ်တို့ရဲ့ လူသားစိတ်မဲ့ အစွမ်းကုန် ကောက်ကျစ် ယုတ်မာ ဖျက်ဆီးဖြိုချ စက်ဆုပ်ရွံရှာဖွယ်  ဘေးအမျိုးမျိုးကို အံတုရင်ဆိုင်ရင်း တော်လှန်ခရီးလမ်းကို မမှိတ်မသုန် အားကုန်ရုန်းကန် တော်လှန်သူ နွေဦးပြည်သူတရပ်လုံးကို လေးစားဦးညွှတ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ကြက်သဟင်းပင် ဆေးဖက်ဝင် အ‌ကြောင်းကို လက်လှမ်းမီ ဆေးပညာမှ ရေးသားမျှဝေသွားမှာ ဖြစ်ပါတယ်။

ကြက်သဟင်းပင်ကို သိပ္ပံလို Sauropus androgynus လို့ခေါ်ပြီး အင်္ဂလိပ်လို Breynia androgyna, katuk, star gooseberry နဲ့ sweet leaf လို့ ခေါ်ကြပါတယ်။

ကြက်သဟင်းပင်မှာ သံဓာတ်၊ ကယ်လစီယမ်၊ ပရိုတိန်း၊ ဗီတာမင် E၊ ascorbic အက်ဆစ်၊ ဖောလစ်အက်ဆစ်၊ riboflavin စတဲ့သတ္တုဓာတ်များနဲ့ resin, saponin, flavonoid, glycoside, catechol, acidic compound, tannin, alkaloid, sterol, terpenoid, phenol and cardiac glycoside, lutein နဲ့ gallic acid စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတုဓာတ်ပေါင်းများ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ နို့ထွက်စေခြင်း၊ အမျိုးသားခွန်အားတိုးစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊ ရောင်ရမ်းမှုကို လျော့ကျစေခြင်း၊ ဆီးရွှင်ခြင်း၊ အနာကျက်ခြင်း စတဲ့ အစွမ်းအာနိသင်များ ရှိပါတယ်။

ဆေးဖက်ဆိုင်ရာမှာ ကြက်သဟင်းရွက်ကို အဓိက သုံးစွဲကြပါတယ်။

ကြက်သဟင်းရွက်မှာ estrogen ဖြစ်တဲ့ sterol တွေ ပါဝင်ပြီး နို့ထွက်ဟော်မုန်းကို အကျိုးသက်ရောက်စေတာကြောင့် နို့တိုက်မိခင်များ ဟင်းချိုသောက်ပေးခြင်းဖြင့် မိခင်နို့ရည်ကို လှိုင်လှိုင်ထွက်စေပါတယ်။

လိင်စိတ်တက်ကြွမှုကို နိုးကြားစေပြီး သုက်ပိုးအရည်အသွေးနဲ့ ပမာဏကို တိုးမြင့်စေတဲ့ Testosterone ဟော်မုန်းကို လှုံ့ဆော်ပေးနိုင်တဲ့ဓာတ်များ ပါဝင်တာကြောင့် အမျိုးသား မျိုးဆက်ပွား ကျန်းမာရေးအတွက် ကြက်သဟင်းရွက် သတ္တုရည် ဟင်းစားဇွန်း ၁ ဇွန်းကို နွားတို့ ၁ ခွက်နဲ့ ညအိပ်ရာဝင် သောက်ပေးခြင်းဖြင့် အကျိုးရှိစေပါတယ်။

ကြက်သဟင်းရွက်မှာ ဗီတာမင် C ပါဝင်တာကြောင့် အရေပြားဆဲလ်တွေရဲ့ အရေးပါတဲ့ ပရိုတင်းတမျိုးဖြစ်တဲ့ ကော်လာဂျင်ကို ဖွဲ့စည်းရာမှာ ကူညီပေးနိုင်ပါတယ်။ ကြက်သဟင်းရွက်ကို မှန်မှန်စားသုံးခြင်းဖြင့် အရေပြားကျန်းမာရေးကို အကျိုးပြုပြီး အရေပြား ထိခိုက်ခြင်းများမှာ အနာကျက် မြန်ဆန်စေပါတယ်။

အရွက်မှာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ဓာတ်တွေ ပါဝင်တာကြောင့် ဆီးချိုရောဂါဝေဒနာရှင်များ ကြက်သဟင်းရွက်ပြုတ်ရည်ကျကျ တခါသောက် ရေနွေးကြမ်း ပန်းကန်တဝက်ကို သွေးတွင်းသကြားဓာတ် အနိမ့် အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ကြက်သဟင်းရွက်ကို စားသုံးခြင်းက အရွက်မှာ ပါဝင်တဲ့ flavonoid၊ အမျှင်ဓာတ်နဲ့ သဘာဝရေဓာတ်များက ကြာရှည်ပြည့်ဝနေတဲ့ ခံစားမှုကို ဖြစ်စေတာကြောင့် အလွန်အကျွံ စားခြင်းမှ ကာကွယ်ပေးကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ အကူအညီ ဖြစ်စေပါတယ်။

ကြက်သဟင်းရွက် လက်ဖက်ခြောက် ရေနွေးကြမ်းကို တခါသောက် အကြမ်းပန်းကန် ၁ ခွက် တနေ့ ၂-၃ ကြိမ် ပုံမှန်သောက်ပေးခြင်းဖြင့် ကိုယ်ခံအားကို မြင့်တက်စေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်ရမ်း နာကျင်မှုများကိုလည်း လျော့ပါးစေပါတယ်။

ဆီးနီ၊ ဆီးဝါ၊ ဆီးကျင်၊ ဆီးအောင့်၊ ဆီးနည်း၊ ဆီးနဲ့ပတ်သက်တဲ့ ဝေဒနာများမှာ ကြက်သဟင်းရွက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်းတခွက်ကို သကြားအနည်းငယ် ထည့်ပြီး တနေ့ ၂-၃ ကြိမ် သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

မူးဝေခြင်း၊ မောပန်းခြင်း၊ နှလုံးတုန် ရင်ခုန်ခြင်း၊ အိပ်မပျော်ခြင်းများမှာ အမြစ်သွေးရည် ကော်ဖီ ၁ ဇွန်းကို ဇီးသီးမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ ရောစပ်ပြီး တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။

သွေးတိုးရောဂါမှာ သွေးပေါင်ချိန် အနည်းအများပေါ်မူတည်ပြီး ကြက်သဟင်းရွက်မှုန့် ကော်ဖီ ၂ ဇွန်းကို တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

မီးဖွားပြီးနောက် ကြက်သဟင်းရွက်ကို ဟင်းခါးချက်ပြီး ပုံမှန်သောက်ပေးခြင်းဖြင့် မိခင် ကျန်းမာရေးကို မြှင့်တင်ပေးပြီး မိခင်များ မိခင်နို့ထွက်ရှိမှုကို မြှင့်တင်ပေးပါတယ်။

မွေးကင်းစကလေး ခံတွင်းမက်ခရုနာများမှာ ကြက်သဟင်းရွက် သတ္တုရည်ကို သုတ်လိမ်းပေးနိုင်ပါတယ်။

ကြက်သဟင်းရွက် သတ္တုရည်ကို မျက်လုံးပြဿနာများအတွက် ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ထိခိုက်ရှနာများမှာ ကြက်သဟင်းရွက် သတ္တုရည် လိမ်းပေးခြင်းဖြင့် အနာကျက် မြန်စေပါတယ်။

ကြက်သဟင်းရွက်ကို အသင့်အတင့်စားသုံးခြင်းက ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိနိုင်ပြီး ကြက်သဟင်းရွက်ကို အလွန်အကျွံ စားသုံးပါက အိပ်ငိုက်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ရင်ကျပ်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်စေနိုင်ပါတယ်။ ကြက်သဟင်းနဲ့ ဓာတ်မတည့်သူများ ကြက်သဟင်းထွက် ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ ကြက်သဟင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013