DVB Logo
Home
အားကစား
ရော်နယ်ဒိုဦးဆောင်သည့် ပေါ်တူဂီအသင်း အဖွင့်ပွဲစဉ် အနိုင်ရ
DVB
·
June 19, 2024
ရော်နယ်ဒိုဦးဆောင်သည့် ပေါ်တူဂီအသင်း အဖွင့်ပွဲစဉ် အနိုင်ရ
Donate to DVB

ဇွန်လ ၁၉ ရက်မနက်က ယှဉ်ပြိုင်ကစားသွားတဲ့  ချက်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရိုအုပ်စု (F) အဖွင့်ပွဲစဉ်မှာ ပေါ်တူဂီအသင်းက (၂-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ချက်အသင်းထက်ပိုမိုရရှိခဲ့ပြီး   ပေါ်တူဂီအသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်ဒိုဟာလည်း ဖရီးကစ်အပါအဝင် ဂိုးပေါက်ကန်သွင်းခွင့်တချို့ရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ဘဲ  ပထမပိုင်းမှာ ဂိုးမ ရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ ချက်အသင်းက ပရိုဗိုဒ်က ဂိုးဧရိယာအစပ်ကနေ ကန်သွင်းယူနိုင်ခဲ့လို့  ပေါ်တူဂီ ဂိုးသမား ဘယ်လိုမှမတတ်နိုင်ဘဲ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ 

ပွဲချိန် ၆၉ မိနစ်မှာတော့  ပေါ်တူဂီကစားသမား နူနိုမန်းဒတ်စ် ခေါင်းတိုက်သွင်းတဲ့ဘောလုံးကို ချက်ဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့ပေမဲ့ ချက်ကစားသမား ဟာရာနစ်နဲ့ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းသလိုဖြစ်သွားပြီး  ဂိုးဝင်သွားခဲ့လို့ တဖက်တဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပုံမှန်ပွဲချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လူစားဝင် ပေါ်တူဂီလူငယ်ကစားသမား ဖရန်စ္စကိုကွန်စီကာအိုက အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့လို့  ပွဲအပြီးမှာ ပေါ်တူဂီအသင်း နိုင်ပွဲရသွားခဲ့တာပါ။

အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အခုနှစ် ယူရိုပြိုင်ပွဲကို ၁၁ ကြိမ်မြောက် အဓိကပြိုင်ပွဲတရပ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာပါ။

သူဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ၂၅ ပွဲနဲ့ ပွဲအများဆုံးကစားထားသလို ၁၄ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားသူလည်း ဖြစ်ပါတယ်။

အုပ်စု (F) တခြားပွဲစဉ်တခုဖြစ်တဲ့ တူရကီနဲ့ ဂျော်ဂျီယာတို့ရဲ့ ပွဲစဉ်မှာတော့ တူရကီက (၃-၁)ဂိုးနဲ့ အနိုင်ရသွားပါတယ်။ 

အုပ်စု (F) အဖွင့်ပွဲစဉ်တွေအပြီးမှာတော့ တူရကီက ရမှတ် ၃ မှတ် ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ထိပ်ဆုံးမှာရပ်တည်နေပြီး ပေါ်တူဂီကတော့ အုပ်စု ဒုတိယနေရာ၊ ချက်က တတိယနေရာနဲ့ ဂျော်ဂျီယာကတော့ အုပ်စု အောက်ဆုံးမှာ အသီးသီးရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013