DVB Logo
Home
အားကစား
ယူကရိန်းကို ဂိုးပြတ်နိုင်ပွဲရသည့် ရိုမေးနီးယားကစားသမားများ၏ခြေစွမ်းကို နည်းပြ ချီးကျူး
DVB
·
June 18, 2024
ယူကရိန်းကို ဂိုးပြတ်နိုင်ပွဲရသည့် ရိုမေးနီးယားကစားသမားများ၏ခြေစွမ်းကို နည်းပြ ချီးကျူး
Donate to DVB

ရိုမေးနီးယား မျိုးဆက်ကစားသမားတွေရဲ့ ခြေစွမ်းဟာ အကန့်အသတ်မရှိ ခြေစွမ်းပြနိုင်ကြောင်း နည်းပြ အက်ဒ်ဝါ့အီယိုဒါနက်စ်ကူးက ချီးကျူးသွားပါတယ်။

ရိုမေးနီးယားအသင်းဟာ ယူရိုအုပ်စု အဖွင့်ပွဲစဉ်မှာ ယူကရိန်းအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ယူရို ၂၀၀၀ ပြည့်နှစ် ပြိုင်ပွဲမှာ အင်္ဂလန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။

လက်ရှိအသင်းဟာ ရွှေရောင်မျိုးဆက်တခုဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်ရည် ပြသပြီး အနိုင်ယူခဲ့တာဖြစ်ကြောင်း၊ ရွှေရောင်မျိုးဆက်သစ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ အကန့်အသတ်မရှိ ခြေစွမ်းပြနိုင်ကြောင်း နည်းပြ အီယိုဒါနက်စ်ကူးက ပြောပါတယ်။

ရိုမေးနီးယားအသင်းဟာ ခြေစစ်ပွဲအဆင့်မှာကတည်းက ရှုံးပွဲမရှိခဲ့ဘဲ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013