DVB Logo
Home
နိုင်ငံတကာ
EU ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး သဘောတူညီချက်မရဘဲ အဆုံးသတ်
DVB
·
June 18, 2024
EU ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး သဘောတူညီချက်မရဘဲ အဆုံးသတ်
Donate to DVB

ဥရောပသမဂ္ဂ ခေါင်းဆောင်တွေဟာ လာမယ့် ၅ နှစ်အတွင်း အစုအဖွဲ့ရဲ့ ထိပ်တန်းရာထူး တာဝန်တွေကို ဘယ်သူတွေ ရယူသင့်တယ်ဆိုတဲ့အပေါ် သဘောတူညီချက်မရရှိဘဲ ဆွေးနွေးမှုကို ဇွန် ၁၇ ရက်မှာ အဆုံးသတ်ခဲ့ပြီး လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမှာ ဆုံးဖြတ်ချက်ချဖို့ ရည်မှန်းထားပါတယ်။

လက်ယာယိမ်းနဲ့ လက်ယာအမျိုးသားရေးဝါဒီတွေအတွက် အမြတ်အစွန်းတွေ ရခဲ့တဲ့ ဥရောပပါလီမန် ရွေးကောက်ပွဲနောက်ပိုင်း ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုဟာ ပထမဆုံးဖြစ်ပြီး ဘရပ်ဆဲလ်က ညစာစားပွဲမှာ EU ရဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ခေါင်းဆောင်တွေဟာ ဘယ်သူကတော့ သြဇာကြီးတဲ့ ဥရောပကော်မရှင် အုပ်ချုပ်ရေးအဖွဲ့ကို တာဝန်ယူသင့်တယ်၊ ဘယ်သူကတော့ သူတို့ရဲ့ ဥရောပကောင်စီအစည်းအဝေးတွေမှာ ဥက္ကဋ္ဌလုပ်သင့်တယ်၊ ဘယ်သူကတော့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ရာထူးကို ရယူသင့်တယ် ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီညစာစားပွဲဟာ အမြင်ချင်းဖလှယ်ဖို့၊ ရွေးကောက်ပွဲရလဒ်ကို ထည့်သွင်းစဉ်းစားဖို့နဲ့ ဘရပ်ဆဲလ်မှာ နောက်အပတ်ကျင်းပမယ့် ဥရောပကောင်စီရဲ့ တရားဝင် အစည်းအဝေးကို ပြင်ဆင်ဖို့က အချိန်ကောင်းဖြစ်ကြောင်းနဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတခု ဖြစ်ခဲ့ပေမဲ့ ဒီညမှာတော့ ဒီအဆင့်မှာ သဘောတူညီမှု မရှိသေးပါဘူးလို့ လက်ရှိဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မစ်ချဲက ပြောကြားခဲ့ပါတယ်။

ဥရောပကော်မရှင် အကြီးအကဲအဖြစ် ဂျာမနီနိုင်ငံမှ အာဆူလာ ဗွန်ဒါလေယန်ကို ဒုတိယ သက်တမ်းအတွက် ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ကော်စတာနဲ့ ထိပ်တန်းသံတမန်အဖြစ် အက်စ်တိုးနီးယန်းဝန်ကြီးချုပ် Kaja Kallas တို့ရဲ့ နာမည်တွေကတော့ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013