Home
နိုင်ငံတကာ
သမ္မတ ပူတင် ဗီယက်နမ်သွားမည့်အပေါ်  အမေရိကန် ဝေဖန်
DVB
·
June 18, 2024
Photo - REUTERS/Maxim Shemetov/File Photo

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဒီတပတ်ထဲ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို လာရောက်လည်ပတ်မှာ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဆွစ်ဇာလန်မှာ ကျင်းပတဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဗီယက်နမ်က လက်ရှောင်ခဲ့သလို အဲဒီမတိုင်မီ ရုရှားမှာကျင်းပတဲ့ BRICS အစည်းအဝေးကိုကျတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး စေလွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကမှ သမ္မတသက်တမ်း ၅ ကြိမ်မြောက် ကျမ်းကျိန်ထားတဲ့ ပူတင်ဟာ ဗီယက်နမ်သမ္မတသစ် တူလမ် အပါအဝင် ခေါင်းဆောင်တွေနဲ့ ဗုဒ္ဓဟူး၊ ကြာသပတေး ၂ ရက်ကြာ ခရီးစဉ်အတွင်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ဗီယက်နမ်ရဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံ ဖြစ်သလို ပြီးခဲ့တဲ့နှစ်ကမှ ဆက်ဆံရေး အဆင့်မြှင့်ထားတဲ့ အမေရိကန်ကတော့ ဒီခရီးစဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဘယ်နိုင်ငံကမှ ပူတင်ရဲ့ ရန်လိုတဲ့စစ်ပွဲကို ထောက်ခံအားပေးဖို့ စင်မြင့်တရပ် မဖြစ်သင့်သလို ရက်စက်ကြမ်းကြုတ်မှုတွေကို ပုံမှန်လို ခွင့်ပြုမပေးသင့်ပါဘူးလို့ ဟနွိုင်းမြို့မှာရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

သည်ဟိတ်ဂ် အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ပူတင်ကို စစ်ရာဇဝတ်မှုနဲ့ ဝရမ်းထုတ်ထားပါတယ်။ ဒါပေမဲ့ ရုရှားရော ဗီယက်နမ်သာမကဘဲ အမေရိကန်ကိုယ်တိုင်က ICC အဖွဲ့ဝင် မဟုတ်ပါဘူး။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024