
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ ကို ဝက်လက်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက ခြင်ထောင်၊ မိုးကာနဲ့ ဆန်၊ ဆီတွေ ထောက်ပံ့ခဲ့ပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီမှ ကိုလွင်မိုးသန့်က “တမြို့နယ်လုံးဆို စစ်ဘေးရှောင်တွေက များတယ်။ လတ်တလော မိုးက အဆက်မပြတ်ရွာနေတော့ အရေးပေါ်လိုအပ်နေတဲ့ အိမ်ထောင်စုတွေကိုပဲ တအိမ်ထောင်ကို မိုးကာတချပ်၊ ခြင်ထောင်တလုံး၊ ဆန် ၄ ပြည်နဲ့ ဆီ ၅၀ သားစီ ပေးဝေတာပါ။ အခု ရေဘေးက ထပ်ပေါ်လာတော့ အဲဒီဘက်သွားပြီး တတ်နိုင်သလောက် ကူညီရဦးမှာ” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ ကျေးရွာ ၁၀ ရွာကျော်က အိမ်ထာင်စု ၂ ထောင်ခန့်ဟာ နှစ်နဲ့ချီပြီး စစ်ဘေးရှောင်နေကြရတာကြောင့် ကျန်းမာရေးအတွက် ဆေးဝါးနဲ့အစားအသောက် အကူအညီတွေလည်း လိုအပ်နေပါတယ်။










