DVB Logo
Home
အားကစား
အင်္ဂလန်အသင်းအဖွင့်ပွဲစဉ်တွင် ဆားဘီးယားကို အနိုင်ရ
DVB
·
June 17, 2024
အင်္ဂလန်အသင်းအဖွင့်ပွဲစဉ်တွင် ဆားဘီးယားကို အနိုင်ရ
Donate to DVB

ယူရို ၂၀၂၄ ပြိုင်ပွဲ ဇွန် ၁၆ ရက် မနေ့ညက ကန်သွားတဲ့ အုပ်စု C အဖွင့် ပွဲစဉ်မှာ  အင်္ဂလန်အသင်းဟာ ဆားဘီးယား အသင်းကို (၁ -၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။

အင်္ဂလန်အတွက် တလုံးတည်းသောအနိုင်ဂိုးကိုတော့ ရီးရဲလ်မက်ဒရစ် ကစားသမား ဘယ်လင်ဟမ်က ပထမပိုင်းပွဲချိန် ၁၃ မိနစ်မှာပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

 အုပ်စု C  တခြားပွဲစဉ်တခုမှာတော့ ဒိန်းမတ်နဲ့ စလိုဗေးနီးယားအသင်းတို့ ၁ ဂိုးစီသရေကျသွားတဲ့ အတွက် အင်္ဂလန်အသင်းက ရမှတ် ၃ မှတ်နဲ့  အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။  

နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့  ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ချန်ပီယံမဖြစ်နိုင်တဲ့ အားနည်းချက်တခုကို ထောက်ပြသွားပါတယ်။

အင်္ဂလန်အသင်းဟာအခုနှစ်ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်း အစားဆုံးအသင်းအဖြစ် သတ်မှတ်နေကြပေမဲ့ အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းက ကျွမ်းကျင်သူတွေနဲ့ ကစားသမားဟောင်းတွေကတော့ ချန်ပီယံမဖြစ်နိုင်သေးဘူးလို့ ယူဆကြတာပါ။

ချန်ပီယံဖြစ်ချင်တဲ့အသင်းတသင်းဟာ ခံစစ်ကစားပုံကောင်းမွန်ဖို့ လိုအပ်ပြီး အင်္ဂလန်အသင်းရဲ့ခံစစ် ၄ ယောက်တန်းအပေါ် စိုရိမ်မိကြောင်း နဗီးလ်က ပြောပါတယ်။

အထူးသဖြင့် ပြိုင်ပွဲကြီးတခုကို ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားမယ့် ခရစ္စတယ်ပဲလေ့နောက်ခံလူ ဂူယီနဲ့ ဘယ်နောက်ခံလူ နေရာမှာ ကစားမယ့် ထရစ်ပီယာတို့ရဲ့နေရာတွေအတွက် စိုးရိမ်စရာကောင်းကြောင်း နဗီးလ်အပါအဝင် ရွိုင်ကိန်းနဲ့ အီယန်ရိုက်တို့ကလည်း တညီတညွတ်တည်း သုံးသပ်ခဲ့ကြတာပါ။

နောက်ခံလူဂူယီအတွက် အခွင့်အရေးကောင်းတခုဖြစ်ပေမဲ့ ချန်ပီယံဖြစ်ဖို့ အတွက်တော့ အင်္ဂလန်ခံစစ် ၄ ယောက်တန်း အခြေအနေက သံသယဖြစ်စရာကောင်းကြောင်း နဗီးလ်က သုံးသပ်သွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013