DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆန်ဈေးထပ်တက်ပြီး ပြည်သူတချို့ ဆန်ကွဲစားနေရ
DVB
·
June 16, 2024
ဧရာဝတီတိုင်းတွင် ဆန်ဈေးထပ်တက်ပြီး ပြည်သူတချို့ ဆန်ကွဲစားနေရ
Donate to DVB

ဧရာဝတီတိုင်းမှာ ဒေသထွက်ဆန်တွေ အခု ဇွန်လအတွင်း ဈေးထပ်တက်လာလို့ အခြေခံလူတန်းစားတွေ အခက်အခဲဖြစ်နေပြီး တချို့ ဆန်ကွဲစားနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းမှာ ဆန်ဈေး သိသိသာသာ မြင့်တက်လာပြီး ပြီးခဲ့တဲ့ မေလက ပေါ်ဆန်း ဆန် ၁ အိတ်ကိုငွေကျပ် ၉၉,၅၀၀၊ ဆန်ကြမ်း ၁ အိတ် ငွေကျပ် ၈၈,၀၀၀ ဝန်းကျင်ပဲရှိခဲ့ပြီး လက်ရှိ ဇွန်လမှာ ပေါ်ဆန်း ဆန် ၁ အိတ်ကို ၁၃၅,၀၀၀ ကျပ်နဲ့ ဆန်ကြမ်း ၁ အိတ်ကို ငွေကျပ် ၉၈,၀၀၀ ကနေ ၁၁၀,၀၀၀ အထိဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့နယ်က ဒေသခံ အမျိုးသမီးတယောက်က “အခု ပြီးခဲ့တဲ့ လကထက် ဆန်ဈေး အချောဆို ၃၀,၀၀၀ ကျော်ကျော်လောက် ထပ်တက်လာသလို အကြမ်းဆိုလည်း ၂၀,၀၀၀ ကျော်အထိ ထပ်တက်လာတာ။ ဆန်ထွက်တဲ့ဒေသမှာ ဆန်ဈေးက အခုလို ထိုးတက်နေတာ တော်တော် အံ့သြဖို့ကောင်းတယ်။ နွမ်းပါးတဲ့ အခြေခံ မိသားစုတွေအခု ဆန်ကွဲ စားနေရတယ်။ အာဏာ မသိမ်းခင်က ဒီလောက် အခြေအနေ မဆိုးကြဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ဒေသ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စပါးစိုက်ပျိုးမှု လျော့နည်းလာတာ၊ စိုက်ပျိုးရေးသုံး ဆေးဝါးတွေ ဈေးအဆမတန်တက်လာလို့ အပြည့်အဝမသုံးနိုင်တာ စတဲ့ အခက်အခဲတွေကြောင့် စပါးအထွက် လျော့ကျပြီး ဆန်ဈေးမြင့်တက်နေတာလို့ သိရပါတယ်။

ဧရာဝတီတိုင်းက ဆန်ရောင်းဝယ်ရေးပွဲလုပ်ငန်းရှင်တယောက်က “အခုလို ဒေသထွက် ဆန်၊ စပါး အထွက်နည်းနေပေမယ့် စစ်ကောင်စီကတော့ ပြည်တွင်းကဆန်တွေကို ပြည်ပဈေးကွက်ကို အများအပြား တင်ပို့ရောင်းချနေတယ်။ ဒါ့ကြောင့်လည်း အခုလို ဆန်ဈေးထိုးတက်လာခြင်းဖြစ်တယ်။ ဆန်တို့ စပါးတို့ အရောင်းအဝယ်လုပ်ရတာလည်း စစ်တပ်အာဏာသိမ်းပြီးကတည်းက တရက်လေးမှ အဆင်မပြေဘူး။ ရောင်းရတာ အားနာတဲ့အထိဖြစ်လာတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အခု ဆန်နဲ့စပါးဈေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အမြင့်ဆုံး ဈေးဖြစ်ပြီး ကျိုက်လတ်၊ မအူပင်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဝါးခယ်မ၊ ပန်းတနော်၊ ဓနုဖြူစတဲ့ ဒေသက အခြေခံလူတန်းစားတွေ ဆန်ကွဲစားရတဲ့အဖြစ်နဲ့ ကြုံနေရတာလို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013