DVB Logo
Home
နိုင်ငံတကာ
တောင်အာဖရိကတွင် ANC နှင့် DA ပါတီတို့  အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့ရန် သဘောတူ
DVB
·
June 15, 2024
တောင်အာဖရိကတွင် ANC နှင့် DA ပါတီတို့  အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့ရန် သဘောတူ
Donate to DVB

နယ်လ်ဆင်မင်ဒဲလားရဲ့ အာဖရိက အမျိုးသားကွန်ဂရက်ပါတီ (ANC)နဲ့ အဓိကအတိုက်အခံပါတီ၊ လူဖြူတွေ ဦးဆောင်တဲ့ စီးပွားရေးအဓိက အသားပေး ဒီမိုကရက်တစ်မဟာမိတ် (DA) ပါတီတို့ အမျိုးသားညီညွတ်ရေးအစိုးရသစ်ဖွဲ့ဖို့ ဇွန် ၁၄ ရက်မှာ သဘောတူခဲ့ပါတယ်။ 

ANC အုပ်ချုပ်မှု အနှစ် ၃၀ အလွန်မှာ တောင်အာဖရိကသမိုင်းမှာ အရင်က ဘယ်လိုမှ တွေးကြည့်လို့တောင် မရတဲ့ကိစ္စ တခု တကယ်ဖြစ်လာခဲ့ပါပြီ။ 

ဒီသဘောတူညီချက်ရအပြီးမှာ ANC က လက်ရှိသမ္မတ ဆိုင်ရီးလ် ရာမာဖိုဆာဟာ မဲ ၂၈၃ မဲ နဲ့ သမ္မတအဖြစ် ဒုတိယသက်တမ်းထပ်မံရွေးကောက်ခံခဲ့ရပါတယ်။

လူဖြူလူမည်းခွဲခြားမှုအဆုံးသတ်စေခဲ့တဲ့  ၁၉၉၄ ရွေးကောက်ပွဲနောက်ပိုင်း အခုလို ကွာခြားချက်တွေ ကြီးမားတဲ့ ပါတီ ၂ ခုကြား သဘောတူညီချက်ဟာ တောင်အာဖရိကနိုင်ငံရေးမှာ အကြီးအကျယ်ဆုံးအပြောင်းအလဲဖြစ်ပါတယ်။  

ညွန့်ပေါင်းအစိုးရထဲမှာ စီးပွားရေးဖွံ့ဖြိုးဖို့ကို အဓိက ဦးစားပေးတဲ့  DA ပါတီ ပါဝင်လာတဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေ ဆက်ဖြစ်ဖို့ မျှော်လင့်ချက် အားကောင်း လာစေခဲ့ပါတယ်။  

ဘဏ်တွေနဲ့ ပုဂ္ဂလိကပိုင်မြေတွေကို ပြည်သူပိုင်သိမ်းပြီး လူမည်းတွေကို ခွဲဝေပေးဖို့ နှိုးဆော်တဲ့ EFF နဲ့ MK ပါတီတို့ ညွန့်ပေါင်းထဲမှာ မပါလာခဲ့တာကြောင့် ဇင်ဘာဘွေလို ဖြစ်မှာ စိုးရိမ်နေကြသူတွေ စိတ်သက်သာရာရခဲ့ပါတယ်။ 

ဒါပေမဲ့လည်း ကွာဇူးလူး-နာတယ်လ် ပြည်နယ်မှာ အပြတ်အသတ်နိုင်ထားတဲ့ သမ္မတဟောင်း ဂျက်ကော့ဇူးမားရဲ့ MK ပါတီ အစိုးရအဖွဲ့ထဲ ပါမလာခဲ့တာကြောင့် မငြိမ်မသက်မှုတွေ၊ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

Source-Reuters

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013