DVB Logo
Home
မြန်မာသတင်း
မတူပီ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်
DVB
·
June 14, 2024
မတူပီ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်
Donate to DVB

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့မှာ  ဇွန် ၁၄ ရက်က စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်‌ရေးရုံးနဲ့ ရဲစခန်းကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားလိုက်ပြီး  စစ်ကောင်စီတပ်ကတော့ လေကြောင်းကနေ ပစ်ကူပေး အပြင်းအထန် ခုခံနေပါတယ်။

ချင်းလက်နက်ကိုင်တပ်တွေဟာ မတူပီမှာ မြို့သိမ်းတိုက်ပွဲ အဖြစ် ဇွန် ၉ ရက်ကစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ နေရာ ၂  နေရာကို  သိမ်းထားနိုင်ပြီး တပ်ရင်း ၂ ခုကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) ပြောခွင့်ရ ဆလိုင်းယောမာန်က DVB ကို ပြောပါတယ်။

“လက်ရှိမှာ မတူပီမြို့ရဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်း ၂ ခုကို သိမ်းယူထားနိုင်တာရှိပါတယ်။ ခလရ (၃၀၄) နဲ့ (၁၄၀)ကို ဆက်လက် ထိုးစစ်ဆင်နေတယ်။ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောလို့ရပါတယ်။”

မတူပီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကက လေကြောင်းကနေ ပစ်ကူပေးတာ၊ ဗုံးကြဲတိုက်ခိုက်တာတွေကို နေ့ရောညပါ လုပ်နေပြီး အရပ်သားနေအိမ်ပျက်စီးမှု အများအပြားရှိနေပေမဲ့ အရေအတွက်အတိအကျတော့ မသိရသေးပါဘူး။

ချင်းတော်လှန်ရေးအင်အားစု ၆ ခု စုဖွဲ့ထားတဲ့  ချင်းညီနောင်တပ်ဖွဲ့တွေဘက်ကနေ Yaw Army(YA)နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်ပြီး မတူပီမြို့သိမ်းတိုက်ပွဲမှာ တိုက်ခိုက်နေပါတယ်။ 

ဆလိုင်းယောမာန်က “မြို့သိမ်းတိုက်ပွဲဖော်ဆောင်တာဟုတ်ပါတယ်။ စစ်ကောင်စီက လက်ရှိ အချိန်အထိ နေ့ရောညပါ လေကြောင်းပစ်ကူရော ဗုံးကြဲတာပါ တောက်လျှောက်လုပ်နေပါတယ်။ ဂျက်လေယာဉ်တွေနဲ့ ဗုံးလာကြဲတာ။ အရပ်သားနေအိမ်ထိခိုက်ပျက်စီးတာ အများအပြားရှိပါတယ်” လို့ ပြောပါတယ်။ 

ကန်ပက်လက်ခရိုင်ထဲက ကျင်ဒွေးမြို့ကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ချင်းညီနောင်တပ်ဖွဲ့တွေက သိမ်းလိုက်နိုင်ပြီးတဲ့နောက် အခု ဇွန်လထဲမှာတော့ မတူပီမြို့ကို ဒုတိယမြောက်မြို့အဖြစ် သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာပါ။

ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးသလို နှစ်ဖက်တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုလည်း မသိရသေးပါဘူး။ 

မတူပီမြို့ဟာ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နဲ့လည်း နီးစပ်ပြီး ပြီးခဲ့တဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ရခိုင်တပ်ဖွဲ့တွေက ချင်းညီနောင်ဘက်ကနေ ကူညီပြီး ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

 မြတ်ကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013