DVB Logo
Home
မြန်မာသတင်း
ငါ့သရောက်နယ်မြေရဲစခန်းရှေ့၌ စစ်ကောင်စီ စစ်သားများ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး
DVB
·
February 10, 2026
ငါ့သရောက်နယ်မြေရဲစခန်းရှေ့၌ စစ်ကောင်စီ စစ်သားများ ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ငါ့သရောက်နယ်မြေရဲစခန်းရှေ့မှာ ဖေ​ဖော်ဝါရီ ၈ ရက်က တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတယောက် သေဆုံးခဲ့တယ်လို့ 21 BAGAN People Defense Force ဆီကနေ သိရပါတယ်။

21 BAGAN People Defense Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ယက္ခက “​အဲဒီနေ့က နေ့လယ် ၁၂ ခွဲလောက်မှာ ရဲစခန်းရှေ့ အပေါက်ကနေ ထွက်လာတဲ့ စစ်သား ၂ ယောက်ကို ကျနော်တို့ ရဲဘော်တွေက စောင့်ပြီးပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ တယောက် သေပြီးတော့ တယောက်ကတော့ ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို 21 BAGAN People Defense Force တပ်ဖွဲ့နဲ့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ (DYT) တို့က တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

21 BAGAN People Defense Force ရဲ့ တာဝန်ရှိသူက “ငါ့သရောက်နယ်မြေရဲစခန်းဆိုတာ တာလမ်းဘေးမှာတင် ရှိတာ။ အဲဒီရဲစခန်းထဲမှာ စစ်တပ်ဘက်က အထိုင်ချနေကြတာမှာ တချို့ကောင်တွေက မကြာမကြာ အပြင်ထွက်လာလေ့ရှိတယ်။ အခုလည်း စခ ၂ ယောက် ဆိုင်ကယ်နဲ့ထွက်လာတာကို ကျနော်တို့ရဲဘော်တွေက ရဲစခန်းရှေ့မှာတင် မျက်နှာချင်းဆိုင် ပစ်ခတ်လိုက်နိုင်ခဲ့တာပါ။ ၂ ယောက်လုံးထိပြီး တယောက်ကတော့ နေရာမှာတင် သေတယ်။ ဒဏ်ရာရတဲ့ကောင်ကတော့ ပြန်ပစ်နိုင်သေးတယ်။ ကျနော်တို့ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။

ငါ့သရောက်နယ်မြေရဲစခန်းအတွင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ ​စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးအနားကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ဇွတ်အတင်း ယူငင်သယ်ဆောင်လေ့ ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်တပ် လက်အောက်ခံတွေနဲ့ ပတ်သက်တဲ့ နေရာတွေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွှယ်တာတွေ မပြုလုပ်ကြဘဲ ဝေးဝေးကနေ ရှောင်ရှားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မေတ္တာရပ်ခံထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013