DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် မြန်မာဘက်ပို့မည့်  ဖုန်းအလုံးရေ ၁၀၀၀ ကျော်ကို ထိုင်းစစ်တပ် ဖမ်းဆီး
DVB
·
June 13, 2024
မဲဆောက်တွင် မြန်မာဘက်ပို့မည့်  ဖုန်းအလုံးရေ ၁၀၀၀ ကျော်ကို ထိုင်းစစ်တပ် ဖမ်းဆီး
1 / 2
Donate to DVB

ထိုင်းနိုင်ငံမှ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ပို့ဆောင်မယ့်  မိုဘိုင်းဖုန်း ၁၀၆၂ လုံးကို ထိုင်း စစ်တပ် က ဇွန် ၁၃ ရက် မနက်ပိုင်းက မဲဆောက်မြို့၊ ထပ်ဆိုင်လွတ်တိုက်နယ်၊ အမှတ် ၃ ရပ်ကွက် ထပ်အပ်ကျေးရွာမှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိပါတယ်။

မြဝတီမြို့မြောက်ဘက် အွန်လိုင်းကျားဖြန့်လုပ်ငန်းတနေရာသို့ လက်ကိုင်ဖုန်းတွေ  ပို့ဆောင်ဖို့ ကြိုးစားနေချိန် လုံခြုံရေးကင်းလှည့်နေတဲ့  ထိုင်းစစ်တပ်က စက္ကူဖာ ၈ လုံးထဲကနေ ထောင်နဲ့ချီတဲ့ ဖုန်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့ရှိတဲ့ ဖုန်းတွေကို ဆက်လက်စစ်ဆေးရာ  အဆင့်မြင့် လက်ကိုင်ဖုန်းဖြစ်လို့ ကျားဖြန့် အွန်လိုင်း ငွေလိုင်း လုပ်ငန်းမှာ အသုံးပြုနိုင်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက  ထင်မြင်ယူဆတဲ့အပြင် အခွန်မဆောင်တဲ့အတွက် စစ်ဆေး ဖမ်းဆီးရတာလို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မြန်မာဘက်မှာတော့ ထိုင်းဖုန်းတွေ သုံးကြတာရှိပေမဲ့ အခုလို့ ဖုန်းအလုံး ၁၀၀၀ အထက် မြန်မာဘက်ကို ပို့ဆောင်တာတော့ မရှိသေးပါဘူး။ 

အခုအချိန်မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပပျောက်ဖို့ ထိုင်းစစ်တပ်၊ ရဲ၊ အခွန်ဦးစီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေပူးပေါင်းပြီး မြန်မာ-ထိုင်းနယ်စပ်မှာ  ဖမ်းဆီးမှုတွေ တိုးမြှင့်လုပ်နေတာ ဖြစ်ပါတယ်။

Photo-DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013