DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် နိုင်ငံတကာကို  NLD တိုက်တွန်း 
DVB
·
June 13, 2024
စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် နိုင်ငံတကာကို  NLD တိုက်တွန်း 
Donate to DVB

စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူ ၅ ဦးနဲ့ အထက် အစုလိုက်သတ်ဖြတ်မှု ပေါင်း ၁၁၅ မှု ရှိပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေ ရပ်တန့်ရေးနဲ့  ကျူးလွန်ခံရတဲ့ မြန်မာပြည်သူတွေအတွက် တရားမျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအနေနဲ့ ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီတပ်တွေက အရပ်သားပြည်သူလူထုရဲ့ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို လုယက်၊ မီးရှို့ ဖျက်ဆီး၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ လေကြောင်းမှဗုံးကြဲပစ်ခတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ  ဆက်တိုက်ကျူးလွန်နေတာတဲ့ ပတ်သက်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇွန် ၁၃ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။

၂၀၂၁ ခု ဖေဖော်ဝါရီလကနေ ၂၀၂၄ ခု ဇွန်လအထိ NLD လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့မှ ရရှိထားတဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုစာရင်းတွေအရ နိုင်ငံတဝန်း အရပ်သား ပြည်သူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေထဲမှာ ၅ ဦးနဲ့ အထက် ဖြစ်စဥ်ပေါင်း ၁၁၅ ခုရှိတယ်လို့ စာရင်းဇယားတွေနဲ့ ဖော်ပြထားပါတယ်။

အခုနှစ် မတ်လမှ ဇွန်လအတွင်းဖြစ်စဉ်တွေထဲမှာတော့ မတ်လ ၁၈ ရက်က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ သာဒါ ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့  ၂၂ ဦး သေဆုံးမှု၊ မေ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္ထောကျေးရွာမှာ  ၃၂ ဦး သေဆုံးမှု၊ မေ ၃၁ ရက်က  စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ၅၃ ဦး သေဆုံးမှု၊ ဇွန် ၃ ရက်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာမှာ လူ ၂၈ ဦးသေဆုံးခဲ့ရတဲ့  လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွေဟာ အဆိုးဝါးဆုံး ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မေ ၃၁ ရက်က ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စုမှ ဒေသခံပြည်သူ ၂၀ ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးကာ စစ်ဝတ်စုံတွေ ဝတ်ဆင်စေပြီး စစ်ကြောင်းရှေ့ထားကာ လူသားဒိုင်းအဖြစ် ခိုင်းစေခဲ့တယ်လို့ NLD က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ လူသားမျိုးနွယ်ပျက်သုဥ်း စေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာ ထင်ရှားနေလို့ စစ်ကောင်စီကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနဲ့ ကျူးလွန်ခံရသူတို့ အတွက် တရားမျှတမှု ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NLD က ထုတ်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013