DVB Logo
Home
မြန်မာသတင်း
ရွှေနှင့် ဒေါ်လာ‌ ရောင်းဝယ်သူများကို ဖမ်းဆီးသော်လည်း ဈေးပြန်တက်လာ
DVB
·
June 13, 2024
ရွှေနှင့် ဒေါ်လာ‌ ရောင်းဝယ်သူများကို ဖမ်းဆီးသော်လည်း ဈေးပြန်တက်လာ
Donate to DVB

မြန်မာပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေဈေး တဟုန်ထိုး ဈေးမြင့်တက်လာပြီးတဲ့နောက် စစ်ကောင်စီဟာ ရွှေနဲ့ ဒေါ်လာ ဝယ်ရောင်းလုပ်ကိုင်သူတွေကို ဖမ်းဆီးအရေးယူပြီး ဈေးနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ ဒေါ်လာနဲ့ ရွှေဈေး ပြန်တက်လာတယ်လို့ စျေးကွက်အတွင်းက  စုံစမ်းသိရပါတယ်။

ဒီနေ့ ဇွန် ၁၃ ရက် ပြင်ပဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ကျပ်  ၄၄၀၀ ပေါက်စျေးရှိပြီး အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅၄ သိန်းကျော်အထိ စျေးပြန် မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

စစ်ကောင်စီကတော့ ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တွေအားလုံး ရန်ကုန်ရွှေအသင်း(YGEA)ရဲ့ သတ်မှတ်ဈေးနဲ့သာ အရောင်းအဝယ် လုပ်ဖို့ ဖိအားပေး တိုက်တွန်းထားပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ YGEAရဲ့သတ်မှတ် ရွှေစျေးနှုန်းက‌တော့တစ်ကျပ်သားကို ကျပ် ၄၆၇၀၀၀၀ ဝန်းကျင်ရှိပါတယ်။

‌ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တဦးက " YGEA သတ်မှတ်ဈေးကိုပဲ ကျနော်တို့က ပြောလို့ရပါတယ်။ အပြင်ပေါက်ဈေးတွေ ဘာမှ ပြောလို့မရဘူး။ အများကြီးပဲ ခေါ်ယူဖမ်းဆီး စစ်ဆေးနေပါတယ်။ အဲဒီတော့ အပြင်မှာလည်း အရောင်းအဝယ်တွေ အကုန်ရပ်ဆိုင်းနေပါတယ်။ ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်တဲ့ဈေးတွေလည်း ကျနော်တို့ လုံးဝပြောလို့မရပါဘူး" လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက ရွှေဈေး တကျပ်သားကို ကျပ်သိန်း ၆၀ ဝန်းကျင်၊ ဒေါ်လာဈေး ကျပ် ၅၀၀၀ ဝန်းကျင်ထိခုန်တက်ခဲ့ချိန် စစ်ကောင်စီက နာမည်ကြီး ရွှေဆိုင်တွေအပါအဝင် ရွှေ၊ ဒေါ်လာ အရောင်းအဝယ်လုပ်တဲ့သူတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

အဲဒီလို အဖမ်းအဆီးတွေအပြီးမှာတော့ တဒေါ်လာကို ၅၀၀၀ ဝန်းကျင်ရှိနေရာကနေ ၄၀၀၀ ဝန်းကျင်ထိ ပြန်ကျလာပြီး ကျပ် သိန်း ၆၀ နီးပါး မြင့်တက်သွားခဲ့တဲ့ ရွှေဈေးဟာလည်း ကျပ် သိန်း ၅၀ ဝန်းကျင် ထိ ပြန်ရောက် လာခဲ့ပါတယ်။

လက်ရှိမှာတော့  စစ်ကောင်စီရဲ့ အဖမ်းအဆီးတွေကြားက ဒေါ်လာ‌ဈေးရော ရွှေဈေးပါ ပြန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013