DVB Logo
Home
မြန်မာသတင်း
ငပလီ၊ ဂေါ့ကျေးရွာအနီး တိုက်ပွဲတွင်  ရွာသား ၁,၀၀၀ ကျော်ပိတ်မိ 
DVB
·
June 13, 2024
ငပလီ၊ ဂေါ့ကျေးရွာအနီး တိုက်ပွဲတွင်  ရွာသား ၁,၀၀၀ ကျော်ပိတ်မိ 
Donate to DVB

ရခိုင်ပြည်နယ်၊ ငပလီမြို့၊ ဂေါ့ကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပြီးနောက်  စစ်ကောင်စီက မဇင်ရပ်ကွက်ရှိ သံတွဲလေဆိပ်ကလမ်းကို ပိတ်ဆို့ထားတာကြောင့် ဒေသခံ ၁,၀၀၀ ကျော်  ဘေးလွတ်ရာကို မထွက်နိုင်ဘဲ ပိတ်မိနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဂေါ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့  အာရက္ခတပ်တော် (AA) တို့အကြား ဇွန် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံရွာသားတွေ ဘေးလွတ်ရာကို မထွက်နိုင်ဘဲ ပိတ်မိနေကြတာဖြစ်ပါတယ်။

လက်ရှိမှာ ဂေါ့ကျေးရွာတဝိုက်ကို AA က ထိန်းချုပ်ထားလိုက်ပြီးနောက် ပိတ်မိနေတဲ့ ကျေးရွာသား ၁,၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ လွတ်မြောက်လာသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဂေါ့ဘက်က ပိတ်မိနေသူတွေကို အာရက္ခတပ်တော်ဘက်က ရွှေ့ပြောင်းပေးလိုက်တာတော့ ဟုတ်တယ်။ အဲဒီမှာ ပိတ်ကျန်နေခဲ့ ကျနော့်မိတ်ဆွေနဲ့လည်း မနေ့က အဆက်အသွယ်ရတယ်။ ကျေးရွာသားတွေကိုတော့ AA က လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းပေးထားတယ်။ ဆွေမျိုး မိသားစု ရှိတယ်ဆိုရင်တော့ လွတ်လပ်စွာ သွားခွင့်ပေးတယ်လို့ ပြောတယ်။ လက်ရှိမှာ ဂေါ့တကြောလုံး AA ထိန်းချုပ်ထားလိုက်ပြီလို့ သိရတယ်။”

ဂေါ့ကျေးရွာဟာ သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းနဲ့ ၂ မိုင်ကျော်လောက်သာ ဝေးတာကြောင့် အဲဒီတပ်ရင်း တိုက်ခိုက်မခံရဖို့အတွက် စစ်ကောင်စီက သံတွဲလေဆိပ်မှာ ဗျူဟာမှူးကိုယ်တိုင် ကွပ်ကဲပြီး ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲဖြစ်ပွားနေကြတာ ၂ လအထိ ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီက အရပ်သားကျေးရွာတွေကို လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးမှုတွေ ရှိကြပြီး အရပ်သားသေဆုံးမှုဟာလည်း ၅၀ ကျော် ရှိလာနေပါတယ်။

တိုက်ပွဲကာလ ၇ အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ရရှိထားပြီး အမ်း၊ သံတွဲနဲ့ မောင်တောမြို့နယ်တို့ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013