DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို စစ်ရှောင်စာသင်ကျောင်းတွင် ထမင်း၊ အာဟာရ ကျွေးမွေး (ဓာတ်ပုံ) 
DVB
·
June 12, 2024
ဒီးမော့ဆို စစ်ရှောင်စာသင်ကျောင်းတွင် ထမင်း၊ အာဟာရ ကျွေးမွေး (ဓာတ်ပုံ) 
1 / 7
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတခုမှာ နွေဦးအားမာန် ဖောင်ဒေးရှင်းက ဇွန် ၁၀ ရက်မှာ ထမင်း၊ အာဟာရဒါန ကျွေးမွေးခဲ့ပါတယ်။

အဲဒီကျောင်းမှာ ဆရာ၊ ဆရာမ အယောက် ၂၀ ၊ ကျောင်းသူ ကျောင်းသား ၄၆၀ ကို အာဟာရ ကျွေးမွေးခဲ့တယ်လို့ နွေဦးအားမာန်အဖွဲ့ တည်ထောင်သူ ဒေါ်မေရီထက်က ပြောပါတယ်။

“ကျောင်းနေအရွယ် ကလေးလူငယ်တွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လယ်စာ စားသုံးစေနိုင်ဖို့ ရည်ရွယ်ပြီး ကျွေးမွေးခဲ့တာ ဖြစ်ပါတယ်။”

အဲဒီစစ်ရှောင်စခန်းမှာ ကျောင်းစာသင်ကြားရာမှာ မရှိမဖြစ်တဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေပြီး အခုလက်ရှိမှာ အရင်စာသင်နှစ် ကျောင်းသားတွေရဲ့ စာအုပ်အဟောင်းတွေကို အသုံးပြုနေရတယ်လို့ ပြောပါတယ်။

ဒေါ်မေရီထက်က “ဒီဘက်ဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ မရှိပေမဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတာမျိုးတွေ လုပ်နေပါသေးတယ်။ ဒါကြောင့် စာသင်ကျောင်းတွေမှာဆိုရင် ကလေးတွေ လုံခြုံစိတ်ချစွာ စာသင်ကြားနိုင်ဖို့ ဗုံးခိုကျင်းလိုတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၈ ရက်ကလည်း ကရင်နီ ဧည့်သည်ဆေးခန်းနဲ့ ပူးပေါင်းပြီး ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတခုမှာ လူနာအယောက် ၁၇၀ ကျော်ကို နွေဦးအားမာန် ဖောင်ဒေးရှင်းက အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013