DVB Logo
Home
နိုင်ငံတကာ
ဥရောပလွှတ်တော်အမတ်အဖြစ် ဆိုက်ပရပ်စ် Youtuber ပန်နာယောတူ ရွေးခံရ
DVB
·
June 11, 2024
ဥရောပလွှတ်တော်အမတ်အဖြစ် ဆိုက်ပရပ်စ် Youtuber ပန်နာယောတူ ရွေးခံရ
Donate to DVB

Youtube မှာ နာမည်ကျော်တဲ့ ဆိုက်ပရပ်စ်နိုင်ငံသား ပန်နာယောတူဟာ ဥရောပလွှတ်တော်မှာ တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ပန်နာ ယောတူဟာ သူ့ကိုယ်သူ ပရော်ဖက်ရှင်နယ် အမှားလုပ်သူလို့ မှည့်ခေါ်ထားပြီး အီလွန် မတ်စ်ခ် အပါအဝင် နာမည်ကျော် အယောက် ၁၀၀ ကို ပွေ့ဖက်မှုတွေ ပြုလုပ်မှုနဲ့ ခေါင်းထဲမှာ တပတ်ကြာ နေထိုင်ခဲ့မှုတွေကြောင့် လူစိတ်ဝင်စားမှုခံရတဲ့သူတ​ယောက် ဖြစ်ပါတယ်။

Youtube ပရိသတ် ၂ ဒသမ ၆ သန်းရှိတဲ့ အသက် ၂၄ နှစ်အရွယ်ရှိ ပန်နာယောတူဟာ နိုင်ငံရေးအတွေ့အကြုံ မရှိပေမဲ့ ၁၉ ဒသမ ၄ ရာခိုင်နှုန်းနဲ့ မဲအရေအတွက် တတိယအများဆုံး ရရှိခဲ့သူ ဖြစ်ခဲ့ပါတယ်။

ပန်နာယောတူက အမတ်အဖြစ် မဲပေးမှုတွေက မိမိကို အံ့အားသင့်စေကြောင်း၊ ပါတီတွေ အနေနဲ့လည်း လူထုရဲ့အသံကို နားထောင်ဖို့လိုတယ်ဆိုတာ သတိပေးမှုဖြစ်စေကြောင်း ပြောခဲ့ပါတယ်။

ပန်နာယောတူဟာ ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံမှာ ရထားအလကားစီးမှုနဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ မနက်စာစားမှု၊ ရေအိမ်အတွင်း ပုန်းနေမှုနဲ့ ဖျားချင်ရောင် ဟန်ဆောင်မှုတွေကြောင့် Youtube မှာ ကြည့်ရှုသူဦးရေ သန်းနဲ့ချီပြီး တိုးပွားခဲ့ပါတယ်။

ပန်နာယောတူက နိုင်ငံရေးနဲ့ EU အကြောင်းလည်း မသိသလို မဲလည်း တခါမှ မပေးဘူးကြောင်း၊ သူဝင်ရွေးခဲ့တာလည်း အရွေးခံရချင်လို့ မဟုတ်ကြောင်း၊ လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ဧပြီလက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လူဦးရေ ၉ သိန်းသာရှိတဲ့ ဆိုက်ပရပ်စ်ဟာ မဲပေးဖို့ လူ ၆ သိန်းကျော် စာရင်းပေးထားတာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ပန်နာယောတူဟာ အသက် ၁၈ ကနေ ၂၄ နှစ်အတွင်း မဲပေးမှု ၄၀ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အတွင်း မဲပေးမှု ၂၈ ရာခိုင်နှုန်း ရခဲ့တာဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013