DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့် ခရိုနီဦးတေဇသားအဖ ၃ ဦးအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၇၀ ကို UK ထပ်မံပိတ်ဆို့အရေးယူ
DVB
·
June 11, 2024
စစ်ခေါင်းဆောင်နှင့် ခရိုနီဦးတေဇသားအဖ ၃ ဦးအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၇၀ ကို UK ထပ်မံပိတ်ဆို့အရေးယူ
Donate to DVB

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ခရိုနီသူဌေးကြီး ဦးတေဇသားအဖ ၃ ဦးအပါအဝင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၇၀ ရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေကြေးတွေအပေါ်  UK အစိုးရက  ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်လိုက်ပါတယ်။

ယူကေအစိုးရရဲ့ ဇွန် ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ စစ်ကောင်စီ အပါအဝင် အဖွဲ့ ၃၁ ခုပါဝင်နေပြီး အဲဒီထဲမှာတော့ သူတို့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေး ဒါမှမဟုတ် ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် ပျက်ပြားစေရေးအတွက်  ပါဝင်ပတ်သက်သူတွေကို ပိတ်ဆို့အရေးယူတာလို့ ဆိုပါတယ်။

ယူကေနိုင်ငံကနေ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့သူတွေထဲမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ လူမျိုးစုသုတ်သင်ရှင်းလင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်နေကြရာမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အကြမ်းဖက် စစ်တပ်ကို တဖက်တလမ်းက ထောက်ပံ့နေတဲ့ ခရိုနီသားအဖတွေ ဖြစ်ကြတဲ့ ခရိုနီ ဦးတေဇနဲ့ သားနှစ်ဦး၊ စစ်ကောင်စီလေတပ်ကို လေယာဉ်လောင်စာဆီ တင်သွင်းနေတဲ့ ဒေါ်ခင်ဖြူဝင်း၊ လက်နက်ပွဲစား ဦးထွန်းမင်းလတ် တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အဖွဲ့အစည်း ၃၁ ခုစာရင်းထဲမှာတော့ စစ်ကောင်စီ ခြေမြန်တပ်မ ၇၇ အပါအဝင် တပ်ရင်းတွေနဲ့အတူ ထူးကုမ္ပဏီအုပ်စု၊ အမှတ် ၁ နဲ့ ၂ သတ္တုလုပ်ငန်း၊ မြန်မာ့ကျောက် မျက်ရတနာလုပ်ငန်း၊ ပုလဲလုပ်ငန်း၊ သစ်လုပ်ငန်း၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ထောက်ချုပ်ရုံးစတဲ့ အဖွဲ့အစည်းတွေကိုပါ ထည့်သွင်းခဲ့တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေရဲ့  စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုပြီးတော့ မြင့်တက်လာခဲ့တာပါ။

လတ်တလောမှာတော့ လူဦးရေ ၅၅ သန်းလောက် ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုး လျင်မြန်စွာ ကျဆင်းမှုနဲ့အတူ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံတွေ့နေကြရပါတယ်။

Source: UK-Government/ RoyalGazette

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013