DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်၌ စစ်တပ်ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီး၊ တနိုင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်
DVB
·
June 11, 2024
ဝိုင်းမော်၌ စစ်တပ်ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီး၊ တနိုင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်
1 / 3
Donate to DVB

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လမြန်ကျေးရွာ ခါနန် နှစ်ခြင်းဘုရားရှိခိုးကျောင်းကို ဇွန် ၉ ရက် နေ့လယ်ပိုင်းက စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဘုရားကျောင်း ထိခိုက်ပျက်စီးသွားတာ ဖြစ်ပါတယ်။

ဒေသခံ အမျိုးသားတဦးက “ဒရုန်းနဲ့ ဗုံးသုံးကြိမ် လာကြဲတယ်။ သုံးကြိမ် ဗုံးကြဲလိုက်တာ ဘုရားကျောင်းလည်း အတော်ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ဒရုန်းနဲ့ ဗုံးကြဲပြီးမှ လေယာဉ်လာဝဲတယ်။ လူတွေလည်း ဘေးလွတ်ရာ ရှောင်ကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသင်းတော်ရုံးခန်းနဲ့ ဒေသခံ ပြည်သူတွေအတွက် ဆေးပေးခန်းတွေ ပျက်စီးခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက်ကလည်း စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နောင်တာလောကျေးရွာက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တဦး ထိခိုက်ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို ဇွန် ၁၀ ရက် နေ့လယ်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်  (KIA) နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။

ပယင်းထွက်ရှိရာ မှော်များအနီး စခန်းချနေထိုင်တဲ့ (ဒေသအခေါ်) ခလောင်ကောင် တပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က နှစ်ရက်ကြာ တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “ခလောင်ကောင်စခန်းကို နှစ်ရက်လောက် တိုက်ရတယ်။ နေ့လယ် ၂ နာရီကျော်လောက်မှာ စခန်းကို KIA က သိမ်းနိုင်ခဲ့တယ်။ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ စခန်းကနေ ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်။ ထိခိုက်သေဆုံးတာတွေ ဘယ်လောက်ရှိတယ်ဆိုတာ အသေးစိတ်တော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ခလောင်ကောင်စခန်းဟာ ခြေလျင်တပ်ရင်း ခလရ ၈၆၊ ခလရ ၂၉၇၊ ခလရ ၂၆၀ မှ စစ်ကောင်စီတပ်ဖွဲ့တွေ စုပေါင်းနေထိုင်တဲ့ စခန်းတခု ဖြစ်ပြီး ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး နှစ်ဖက် အဖွဲ့အစည်းကတော့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေ ၁၆ ရက်ကလည်း နမ်ဗျူကျေးရွာက စစ်ကောင်စီတပ်စခန်းတခုကို KIA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013