DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ ၁ လအတွင်း ခရီးသည်များ ၂၂ ကြိမ်ထက်မနည်း လုယက်ဓားပြတိုက်ခံရ
DVB
·
June 11, 2024
ဧရာဝတီတိုင်း၌ ၁ လအတွင်း ခရီးသည်များ ၂၂ ကြိမ်ထက်မနည်း လုယက်ဓားပြတိုက်ခံရ
Donate to DVB

ဧရာဝတီတိုင်းက ခရီးသွားဒေသတွေမှာ ပြီးခဲ့တဲ့ ၁ လအတွင်း ခရီးသည်တွေဆီကနေ လုယက်ဓားပြတိုက်မှု ၂၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ခရီးသွားလုပ်ငန်းအသင်းတွေဆီက သိရပါတယ်။

အခုနှစ် မေ ၁ ရက်မှ ၃၁ ရက်အထိ ၁ လအတွင်း ဧရာဝတီတိုင်းက ပုသိမ်၊ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ဂေါ်ရင်ဂျီ၊ နတ်တောင်၊ လိပ်ကျွန်၊ သမီးလှကျွန်း၊ ပုသိမ် ရွှေမုဋ္ဌောစေတီ၊ ငပုတော မြတ်မော်တင်စွန်းစေတီ၊ ဘိုကလေး ကံ့ကော်တထောင် စတဲ့ ဒေသတွေကိုလာတဲ့ ခရီးသွား ဧည့်သည်တွေ လုယက်ဓားပြတိုက်ခံခဲ့ရတာလို့ ခရီးသွားလုပ်ငန်းအသင်းတခုမှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“အခု ကိန်းဂဏန်းက မေလအတွင်းမှာ ဖြစ်ခဲ့တာပါ။ အရင်လတွေကလည်း ဒါမျိုးဖြစ်စဉ်တွေ ရှိခဲ့တယ်၊ အခုလောက်တော့ မများဘူးပေါ့၊ ခရီးသွားတွေကို ပစ်မှတ်ထားလာတာ။ တော်သေးတာက ဓားပြတွေ၊ လုယက်သူတွေက လူတွေကို ဘာမှလုပ်မသွားကြဘူး။ မေ ၄ ရက်ကဆို ရွှေသောင်ယံဘက်မှာ လုယက် ဆွဲကြိုးဖြတ်ခံရတာ တနေ့တည်း ၃ ယောက်လောက်အထိ ကြုံခဲ့ရတယ်။” 

လုယက် ဓားပြတိုက်တဲ့သူတွေဟာ အဖွဲ့အစည်းနဲ့လုပ်နေတာဖြစ်ပြီး မျက်နှာဖုံးတွေအုပ်ကာ နေ့ခင်းကြောင်တောင်အထိ လုယက်ဓားပြတိုက်နေကြပြီး ခရီးသွားအမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ အဘိုးအဘွားတွေကို ပိုမိုပစ်မှတ်ထား လုပ်နေကြတာလို့ ကိုယ်တွေ့ကြုံရတဲ့သူတွေက ပြောပါတယ်။

“လုံခြုံရေး အရမ်းအားနည်းနေတယ်။ ညီမလေးတယောက်ဆို နေ့ခင်းကြောင်တောင် ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်ရင်း အနောက်ကနေလိုက်လာပြီး ဆွဲကြိုး အဖြတ်ခံလိုက်ရတ။ လူ့အသက်က အရေးကြီးတာမို့ ပစ္စည်းပဲ ပေးလိုက်တယ်။ သူတို့ကလည်း အော်ရင် သတ်ပစ်မယ်လို့ ပြောတာ။ အခုကာလက ကမ်းခြေတွေ၊ အပန်းဖြေခရီးတွေ၊ ဘုရားဖူးတွေ ထွက်ဖို့တောင် ကြောက်နေရတယ်။ လုယက်တာတွေ၊ ဓားပြတိုက်တာတွေက ခပ်စိပ်စိပ်နေရာအနှံ့ ဖြစ်နေတာကြောင့်လေ။ နောက် သူတို့ကပြန်မတုံ့ပြန်နိုင်တဲ့သူတွေကို ပစ်မှတ်ထား လုပ်နေတာ” လို့ ခရီးသွား ဧည့်သည်တဦးက ပြောပါတယ်။

အခုလို ခရီးသွားဒေသတွေမှာ လုယက်၊ ဓာပြတိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားလာတာကြောင့် လုံခြုံရေး စိတ်မချရတဲ့အတွက် ရေရှည်မှာ ခရီးသွားလုပ်ငန်းတွေကို ထိခိုက်လာနိုင်ပြီး ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့သူတွေ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ခရီးသွားဒေသတွေမှာ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေဟာ အရင်က ဖြစ်ပွားတာ သိပ်မရှိဘဲ ၂၀၂၁ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းများလာခဲ့တာလို့ ခရီးသွားဒေသက ပြည်သူတွေနဲ့ ခရီးသွားလုပ်ငန်း အသင်းတွေဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ—

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013