DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု ၃၀ ထက်မနည်း ဖြစ်ပွား
DVB
·
December 6, 2023
ဧရာဝတီတိုင်း၌ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူမှု ၃၀ ထက်မနည်း ဖြစ်ပွား
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းမှာ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်း၊ ခိုးယူတဲ့ ဖြစ်စဉ် အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ တရားခံတွေကိုလည်း ဖမ်းမိတာ မရှိခဲ့ဘူးလို့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်း ခိုးယူတဲ့ ဖြစ်စဉ်အကြိမ်ရေ ၃၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရတာ အများဆုံးဖြစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

“တလအတွင်း နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရတဲ့ ဖြစ်စဉ်တွေ အဖြစ်များခဲ့တာ တွေ့ရတယ်။ လုယက်၊ ဓားပြတိုက်၊ ခိုးယူတဲ့ဖြစ်စဉ်တွေက တရက်နဲ့ တရက် ပိုအဖြစ်များလာတယ်လို့ သတိထားမိတယ်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေတယ်။ ဒါပေမဲ့ ကျူးလွန်သူတွေကိုလည်း ဖမ်းမိတာ မတွေ့ရဘူး။ အရင်နှစ်တွေကလည်း အခုလောက် အဖြစ်မများခဲ့ဘူး။ စီးပွားရေးတွေ ကျပ်တည်းလာပြီး အလုပ်အကိုင်တွေ ရှားပါးလာတော့ အခုလို ဖြစ်လာတာလို့ ယူဆတယ်။”

ဧရာဝတီတိုင်းမှာ အခုနှစ် အောက်တိုဘာအတွင်းက လုယက်၊ ဖောက်ထွင်း၊ ခိုးယူ၊ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် ၂၄ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလမှာ ပိုမိုဖြစ်ပွားလာတယ်လို့ သိရပါတယ်။

မအူပင်မြိုခံတယောက်က “ကျမတို့ဆို အရင်က မနက်ပိုင်း လယ်ကွင်းထဲ အိမ်သားအကုန် အလုပ်သွား၊ အိမ်မှာ အစောင့်ထားစရာ မလိုဘူး။ ဘာမှလည်း မပျောက်ဖူးဘူး။ အခုတော့ အိမ်မှာသုံးတဲ့တီဗွီ ပျောက်သွားတာ၊ နေ့ခင်းကြောင်တောင်ကြီး။ စစ်တပ်က အာဏာသိမ်းပြီးနောက် ခိုးဆိုး၊ လုယက်သူတွေ အရမ်းပေါလာတယ်။ ဒါက အာဏာသိမ်းလိုက်လို့ အလုပ်အကိုင်ရှားလာတာ၊ ကုန်ဈေးနှုန်းတွေ ထိုးတက်လာတာကြောင့်ပဲ။ ရဲတိုင်လည်း အကြောင်းမထူးဘူး။ တရားခံဖမ်းဖို့ထက် နိုင်ငံရေးလုပ်တဲ့သူ၊ PDF ထောက်ပံ့သူလို့ စွပ်စွဲဖမ်းဖို့ လုပ်နေတာ” လို့ ပြောပါတယ်။

အဲ့ဒီ လုယက် ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ်တွေဟာ ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြောင်းမြ၊ လပွတ္တာ၊ အိမ်မဲ၊ ပန်းတနော်၊ ရေကြည်၊ ဇလွန် စတဲ့မြို့နယ်တွေမှာ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013