DVB Logo
Home
နိုင်ငံတကာ
အစ္စရေးဝန်ကြီး ဘန်နီဂန့်ဇ် နုတ်ထွက်၊ ဓားစာခံ ၄ ဦးကို အစ္စရေးတပ်ဖွဲ့ ကယ်ထုတ်
DVB
·
June 11, 2024
အစ္စရေးဝန်ကြီး ဘန်နီဂန့်ဇ် နုတ်ထွက်၊ ဓားစာခံ ၄ ဦးကို အစ္စရေးတပ်ဖွဲ့ ကယ်ထုတ်
Donate to DVB

အစ္စရေး စစ်ကာလအစိုးရအဖွဲ့မှ ဝန်ကြီး ဘန်နီဂန့်ဇ် နုတ်ထွက်ကြောင်း ဇွန် ၉ ရက်က တဲလ်အဗစ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာခဲ့ပါတယ်။

“ကံမကောင်းစွာနဲ့ နေတန်ယာဟုဟာ မှန်ကန်တဲ့ အောင်မြင်မှုကို ချဉ်းကပ်မှုကနေ ကာကွယ်ပေးနေပါတယ်။ ဒါက အကျပ်အတည်း ခံစားရမှုကနေ မှန်ကန်စေတဲ့အချက်ပဲ ဖြစ်ပါတယ်” လို့ ဂန့်ဇ်က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ “ဒီအချိန်ဟာ ဘန်နီအတွက် ရာထူးကနေ နုတ်ထွက်ရမယ့်အချိန် မဟုတ်ပါဘူး။ ဒီအချိန်က ကျနော်တို့အဖွဲ့ကို အားဖြည့်ရမယ့်အချိန်ပါ။ ဂန့်ဇ်ဟာ စစ်ကာလအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတွေနဲ့အတူ တွဲလုပ်ခဲ့တဲ့ အစ္စရေးရဲ့ အဓိက အဖွဲ့ဝင်တဦးဖြစ်ပါတယ်” လို့ ပြောပါတယ်။​

ဒါပေမဲ့ အတိုက်အခံခေါင်းဆောင် ယာလာပစ်က ဂန့်ဇ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဆိုရှယ်မီဒီယာကနေ ပြောဆိုထားပါတယ်။

ဂန့်ဇ်ရဲ့ကြေညာချက် ထွက်ပေါ်လာပြီးနောက် လက်ယာအမျိုးသားလုံခြုံရေးဝန်ကြီး ဘန်ဂီဗာက စစ်ကာလအစိုးရအဖွဲ့မှာ ဝန်ကြီးတနေရာ လိုလာပြီဖြစ်ကြောင်း ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဂန့်ဇ်က အစိုးရအဖွဲ့ကနေ နုတ်ထွက်မှုသာမကဘဲ အမျိုးသားညီညွတ်ရေးပါတီကနေလည်း နုတ်ထွက်ကြောင်း ပြောဆိုခဲ့ပါတယ်။

နေတန်ယာဟုဟာ အမတ်နေရာ ၁၂၀ မှာ ၆၄ နေရာရထားခြင်းကြောင့် ဂန့်ဇ် နုတ်ထွက်မှုဟာ အစ္စရေးအစိုးရအဖွဲ့ကို ပြိုလဲစေမှာ မဟုတ်ပါဘူး။

ဂန့်ဇ်ရဲ့ နုတ်ထွက်မှုဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် အစ္စရေး၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာတို့ကို လည်ပတ်မယ့် ၃ ရက်ကြာ ခရီးစဥ်မတိုင်မီ ၁ ရက်အလိုမှာ နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗဟိုအမျိုးသားညီညွတ်ရေးပါတီဝင် ဂန့်ဇ်ဟာ ၂၀၂၃ အောက်တိုဘာ ၁၁ ရက်အထိ အတိုက်အခံအဖြစ် ရပ်တည်ခဲ့ပေမဲ့ အောက်တိုဘာ ၇ ရက် ဟားမတ်စစ်ပွဲ စတင်ခဲ့ပြီး နောက်မှာတော့ နေတန်ယာဟုရဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ် စစ်သွေးကြွတွေက အစ္စရေးနိုင်ငံထဲ ကျူးကျော်ဝင်ရောက်ရင်း ဓားစာခံတွေကို ပြန်ပေးဆွဲသွားပြီးတဲ့နောက် ၈ လအကြာ ဂါဇာအလယ်ပိုင်း အယ်လ်နူဆေးရတ် ဒေသထဲက နေရာ ၂ ခုကနေ ဓားစာခံ ၄ ဦးကို အစ္စရေးတပ်ဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။

မနှစ်က အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံ တောင်ပိုင်းက နိုဗာဂီတပွဲတော်ကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတဦးတို့ အပါအဝင် ဓားစာခံ ၄ ဦးကို ကယ်ထုတ်ပြီးတဲ့နောက် ဆေးစစ်ဖို့ ဆေးရုံဆီ ခေါ်သွားခဲ့တယ်လို့ စစ်တပ်က ပြောခဲ့ပါတယ်။

သူတို့ဟာ အသက် ၂၆ နှစ်အရွယ် နိုအာ အာဂါမာနီ၊ အသက် ၂၂ နှစ်အရွယ် အယ်လ်မော့ မီယာဂျန်၊ အသက် ၂၇ နှစ်အရွယ် အန်ဒရေ ကော့ဇ်လာ့ဗ်နဲ့ အသက် ၄၁ နှစ်အရွယ် ရှလွန်မီ ဇစ်ဗ်တို့ ဖြစ်ပါတယ်။

ဂါဇာမှာ ၈ လကြာ ဆိုးရွားတဲ့ စစ်ပွဲအပြီးမှာ ဟားမတ်စ်တွေ ဖမ်းခေါ်သွားတဲ့ အစ္စရေး ဓားစာခံ ၂၅၀ ထဲက ၁၁၆ ဦးဟာ ပါလက်စတိုင်း အသိုက်အဝန်းမှာ ကျန်နေသေးပြီး အယောက် ၄၀ ထက်မနည်းကတော့ မျက်ကွယ်မှာ သေဆုံးသွားပြီလို့ အစ္စရေးက ကြေညာခဲ့ပါတယ်။

ဂါဇာ လူနေရပ်ကွက် အလယ်ကို ပစ်ခတ်ပြီး ကယ်ဆယ်ရေး လုပ်ခဲ့ရတယ်၊ ဟားမတ်စ်တွေက လက်နက်ကိုင် စစ်သွေးကြွတွေရဲ့ လက်အောက်က ဂါဇာကမ်းမြောင်ဒေသအတွင်း အရပ်သားတွေကြားမှာ ဓားစာခံတွေကို ဖုံးကွယ်ထားတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရာမတ်ဂံဒေသက ရှီဘာတယ်လ် ဟာရှူးမား ဆေးရုံအပြင်ဘက် လမ်းပေါ်မှာတော့ အစ္စရေး နိုင်ငံသားတွေ ကခုန်ရင်း ဓားစာခံတွေ ပြန်လွတ်လာတာကို ဂုဏ်ပြုခဲ့ကြပါတယ်။

ကယ်ဆယ်ခံ ဓားစာခံတွေရဲ့ အခြေအနေက တည်ငြိမ်နေပေမဲ့ ဆေးအဖွဲ့က ဆေးစစ်နေဆဲပဲလို့ ဆေးရုံက ဆရာဝန် အီထိုင်း ဖဲဆက်ခ်က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်တန်ယာဟုက ကယ်ဆယ်ခံ ဓားစာခံ ၄ ယောက်နဲ့ တွေ့ဆုံအပြီး စိတ်လှုပ်ရှား ခံစားရတဲ့နေ့ပဲလို့ ဇွန် ၈ ရက်မှာ ပြောပါတယ်။

ဟားမတ်စ်တွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး သူတို့ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ လက်ကျန်ဓားစာခံ အယောက် ၁၂၀ ကို ပြန်ခေါ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့လည်း နေတန်ယာဟုက ဆက်ပြောပါတယ်။

ဂါဇာအလယ်ပိုင်း အယ်လ်နူဆေးရတ်  ဒုက္ခသည်စခန်းနဲ့ အနားက ဧရိယာတွေမှာ အစ္စရေးရဲ့ ဓားစာခံတွေ လွတ်မြောက်ရေး စစ်ဆင်ရေးအတွင်း ဓားစာခံတချို့ သေဆုံးခဲ့တယ်လို့ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ အယ်လ်ကက်ဆမ်ရဲ့ တပ်မဟာက ဇွန် ၈ ရက်မှာ ပြောခဲ့ပါတယ်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ရင်း အစ္စရေးဓားစာခံတချို့ လွတ်မြောက်နိုင်ခဲ့ပေမဲ့ စစ်ဆင်ရေးအတွင်း တခြားသူတချို့ သေဆုံးခဲ့တယ်လို့ အယ်လ်ကက်ဆမ် တပ်မဟာရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူအူဘိုင်ဒါက တယ်လီဂရမ် ရုပ်သံလိုင်းမှာ ကြေညာချက်တရပ် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013