DVB Logo
Home
နိုင်ငံတကာ
မိုက်ခရိုဆော့ဖ်က Xbox ဂိမ်းစက်အသစ် မိတ်ဆက်
DVB
·
June 10, 2024
မိုက်ခရိုဆော့ဖ်က Xbox ဂိမ်းစက်အသစ် မိတ်ဆက်
Donate to DVB

မိုက်ခရိုဆော့ကုမ္ပဏီက Xbox ဂိမ်းဆက်ကို တနင်္ဂနွေနေ့မှာ ထုတ်လိုက်ပြီး Xbox စီးရီး၊ X နဲ့ S မှာ အသုံးပြုလို့ရကြောင်း ဖော်ပြပါတယ်။

Call of Duty ဂိမ်းအသစ်အပါအဝင် ဂိမ်းဒါဇင်ကျော်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ ဒီဂိမ်းစက်ထုတ်လိုက်တာက Xbox နဲ့ မိုက်ခရိုဆော့အတွက် ဂိမ်းထုတ်လုပ်မှုမှာ ရောင်းအား ကျဆင်းမှုကို ဖြေရှင်းနိုင်မယ့် အရေးပါတဲ့ ထုတ်လုပ်မှုပဲဖြစ်ပါတယ်။

မိုက်ခရိုဆော့က Disc မပါတဲ့ ဗားရှင်း Xbox Series X နဲ့ S စက် နှစ်မျိုးနဲ့ Serie X ကိုပဲ 2 တက်ထရာဘိုက် စပယ်ရှယ်အက်ဒီးရှင်းတမျိုး၊ စုစုပေါင်း ၃ မျိုးမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

၅ နှစ် ကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ Doom: The Dark Ages ဂိမ်းအသစ် မိတ်ဆက်ခဲ့သလို Gears of War ဂိမ်းအသစ်လည်း အမြည်းပြသွားပါတယ်။

Doom နဲ့ Call of Duty ဂိမ်းအသစ်တွေ အပါအဝင် ဂိမ်းအများအပြားကို Xbox Game Pass ထဲမှာ ထည့်သွင်းပေးခဲ့ပြီး မိုက်ခရိုဆော့ရဲ့ ပုံမှန်လစဥ်ကြေးပေးသွင်းရတဲ့ Game Pass ကို သုံးစွဲသူများအောင်စွဲဆောင်ခဲ့ပါတယ်။

နောက်ဆုံးထုတ် Call of Duty:Black Ops 6 မှာ ဂိမ်မာတွေ ကြိုက်နှစ်သက်တဲ့ Zombies mode ကိုထည့်သွင်းပြီး ကစားသူတွေနေရာစုံသွားနိုင်တဲ့ Feature တွေထည့်သွင်းထားပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013