DVB Logo
Home
နိုင်ငံတကာ
မိုက်ခရိုဆော့ဖ် ဒေတာစင်တာအတွင်း ဝင်ရောက် ဆန္ဒပြသူများကို ဒတ်ချ် ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
November 8, 2026
REUTERS/Piroschka van de Wouw
REUTERS/Piroschka van de Wouw
Donate to DVB

နယ်သာလန်နိုင်ငံမြို့တော်၊ အမ်စတာဒမ်ရှိ မိုက်ခရိုဆော့ဖ် နည်းပညာကုမ္ပဏီရဲ့ AI ဒေတာစင်တာ ဆောက်လုပ်ရေးကွင်းအတွင်း ဝင်ရောက်ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြသူတွေကို နယ်သာလန်ရဲတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

အမ်စတာဒမ်မြို့ပြင်က မိုက်ခရိုဆော့ဖ်ဒေတာစင်တာ ဆောက်လုပ်ရေးကွင်းမှာ ဆန္ဒပြသူ အယောက် ၁၀၀ ကျော် စုဝေးခဲ့ကြတာပါ။

သူတို့ဟာ လက်တွဲပြီး စီတန်းလှည့်လည်ခဲ့ကြသလို အဆောက်အအုံဝင်းအတွင်း အတင်းဝင်ရောက်ကာ ကရိန်းဝန်ချီစက်တွေပေါ် တက်တာ၊ မီးပူပေါင်းတွေ ချိတ်ဆွဲတာနဲ့ ကခုန်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုဟာ AI နည်းပညာအတွက် လိုအပ်တဲ့ ဒေတာစင်တာတွေ အရှိန်အဟုန်နဲ့ တိုးချဲ့ဆောက်လုပ်လာမှု အပေါ် ကမ္ဘာအနှံ့ ဆန့်ကျင်ကန့်ကွက်မှုတွေ မြင့်တက်လာရာကနေ ၂ ရက်ကြာ ပြုလုပ်မဲ့ ကမ်ပိန်းရဲ့ အစပြုပွဲလည်း ဖြစ်ပါတယ်။

နောက်ထပ် ဆန္ဒပြပွဲတွေကိုလည်း ဒပ်ဘလင်မြို့မှာ လှည့်လည်လှုပ်ရှားတာ၊ ဝါဆောမြို့က လွှတ်တော် အဆောက်အအုံရှေ့မှာ ဆန္ဒပြတာအပြင် ဒိန်းမတ်နိုင်ငံမှာရှိတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ တခြား ဒေတာစင်တာ တခုရှေ့မှာပါ ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013