Personal ကွန်ပျူတာတွေထဲကို AI coding model တိုက်ရိုက်အသုံးပြုနိုင်ပြီး AI အေးဂျင့်တွေကို ကာကွယ်ပေးမဲ့ လုံခြုံရေးနည်းပညာသစ်ကို မိုက်ခရိုဆော့ဖ်က အောက်တိုဘာ ၇ ရက်မှာ ပြသခဲ့ပါတယ်။
ဒီနည်းပညာဟာ ခွင့်ပြုချက်မရဘဲ Personal ကွန်ပျူတာတွေထဲက ဒေတာတွေကို AI အေးဂျင့်တွေ အသုံးပြုခွင့်မရအောင် ကာကွယ်ပေးနိုင်မှာဖြစ်တာကြောင့် Personal ကွန်ပျူတာတွေထဲကို AI အသုံးပြုမှု ပိုတွင်ကျယ်အောင် တွန်းအားပေး လုပ်ဆောင်နေတဲ့ Apple ကို စိန်ခေါ်မှုတခုပဲ ဖြစ်ပါတယ်။
ဆန်ဖရန်စစ္စကိုမှာ ပြသခဲ့တဲ့ပွဲမှာ မိုက်ခရိုဆော့ဖ်ဟာ Nvidia ရဲ့ Spark ချစ်ပ်ပြားအသုံးပြုထားတဲ့ Surface Laptop ကို ပြသခဲ့ပါသေးတယ်။
Ultra စွမ်းဆောင်ရည်နဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည် ရရှိမယ်လို့ ဆိုထားတဲ့ အဲဒီလက်ပ်တော့ပ်မှာ code ရေးတာတွေနဲ့ စီးပွားရေးပရောဂျက်တွေအထိ အသုံးပြုနိုင်စွမ်းရှိကာ AI အေးဂျင့်တွေကို ကိုင်တွယ်နိုင်မဲ့လို့လည်း ဖော်ပြပါတယ်။
စွမ်းအားမြင့် Window ကွန်ပျူတာထုတ်လုပ်မှုက မိုက်ခရိုဆော့ဖ်ရဲ့ ဈေးကြီးပေးပြီး သုံးနေရတဲ့ Azure Cloud comptuing data စင်တာအသုံးပြုသူတွေဟာ အိမ်သုံးနဲ့ လုပ်ငန်းသုံး ကွန်ပျူတာတွေဘက်ကို လှည့်လာနိုင်တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ cloud computing ကနေ ဝင်ငွေပုံမှန်ရရှိနေတာ ဖြစ်ပါတယ်။ Nvidia က Window အတွက် ချစ်ပ်ပြား ထုတ်လုပ်ပေးတာကြောင့် Window ကွန်ပျူတာဈေးကွက်မှာ intel နဲ့ Advance Micro Devices (AMD) တို့ လွှမ်းမိုးထားတဲ့ ချစ်ပ်ပြားလောကကို ထိုးဖောက်မှုတခုပဲ ဖြစ်ပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ AI အေးဂျင့်တွေရဲ့ လွှမ်းမိုးမှုအန္တရာယ်ကို ကာကွယ်ဖို့ Microsoft Execution Containers နဲ့ ကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။











