DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်း လာအိုနယ်စပ်တွင် ပိုင်ရှင်မဲ့စိတ်ကြွဆေး ၇ သန်းခွဲကျော် ဖမ်းမိ 
DVB
·
June 10, 2024
ထိုင်းမြောက်ပိုင်း လာအိုနယ်စပ်တွင် ပိုင်ရှင်မဲ့စိတ်ကြွဆေး ၇ သန်းခွဲကျော် ဖမ်းမိ 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ လာအိုနယ်စပ်၊ ဖယောင်းခရိုင်ထဲမှာ ပိုင်ရှင်မဲ့စိတ်ကြွဆေး ၇,၆၀၀,၀၀၀ သိမ်းဆည်းရမိတယ်လို့  Maesaipress  သတင်းမှာ ဖော်ပြပါတယ်။ 

ဖယောင်းခရိုင်၊ ဖူးချန့်မြို့နယ် ရဲတပ်ဖွဲ့ဝင်နဲ့  နယ်မြေအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ ဇွန် ၉ ရက် မနက် ၂ နာရီလောက်က တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး လှည့်လည်စစ်ဆေးစဉ်  ဆုပ်ပုန်အုပ်စု ဘန့်ဆိုင်းငမ်းရွာ လမ်းဘေးတနေရာမှာ ရပ်နားထားတဲ့ အနက်ရောင် မစ်ဆူဘီရှီ ဟိုင်းလပ်စ်ကား ၁ စီးကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါကားကို မသင်္ကာလို့ စစ်ဆေးရာမှာ ကားမောင်းသူ မတွေ့ရဘဲ ကားထဲမှာတော့ သက်တံရောင်စုံ မြွေရေခွံအိတ် စုစုပေါင်း ၃၁ လုံးရှိပြီး အထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၇,၆၀၀,၀၀၀ ကို သိမ်းဆည်းရမိကြောင်း၊ အနီးနားပတ်ဝန်းကျင်တဝိုက်မှာ မသင်္ကာသူ တဦးတယောက်မှ မတွေ့တာကြောင့် ကားကိုပါ သိမ်းဆည်းပြီး ဖူးချန့်ရဲစခန်းကို သယ်ဆောင်လာတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

ဒီမတိုင်ခင် ဇွန် ၈ ရက် မနက်ကလည်း  ဖယောင်းခရိုင်နဲ့ ဆက်နေတဲ့ ဖရဲ့ခရိုင်ထဲမှာလည်း စိတ်ကြွဆေး ၂ သန်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

၈ ရက် မနက် ၂ နာရီလောက်က ဖရဲ့ခရိုင် ဒိန်ချိုင်းမြို့နယ်ရှိ လမ်းမကြီးပေါ်မှာ မောင်းလာတဲ့ အနက်ရောင် ဟိုင်းလပ်စ်ကားတစီးကို တာဝန်ရှိသူတွေက X -Ray စက်ထဲ မောင်းနှင်ဖြတ်သန်းစေခဲ့ရာမှာ မသင်္ကာစရာတွေ့ရှိကြောင်း၊ တာဝန်ရှိသူတွေက အဆိုပါကားကို သေချာထပ်မံစစ်ဆေးရာမှာ ကားအောက်ထဲအံဝှက်လုပ်ပြီး ထည့်လာတဲ့ အိတ်ပေါင်း ၁၃ အိတ်တွေ့ရှိပြီး အထဲမှာ စိတ်ကြွဆေး ၁,၉၉၀,၀၀၀ ကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလူမျိုး ယာဉ်မောင်းအမျိုးသား တဦး၊ ကားပေါ်စီးနင်းလိုက်ပါလာသူ အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးတို့ကိုပါ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဇွန် ၈ ရက် တနေ့တည်းမှာပဲ ထိုင်းမြောက်ပိုင်း၊ လမ်းပန်းခရိုင် မဲ့ဖရစ်စစ်ဆေးရေးဂိတ်ကနေ စိတ်ကြွဆေးပြား ၂ သန်း ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၃၀ ကျော်ရွယ် တာ့ခရိုင်က အမျိုးသား ၂ ဦးနဲ့ အဖြူ‌‌ရောင် ဟိုင်းလပ်စ်ကား တစီး၊ အနက်ရောင် အိမ်စီးကား တစီးကိုပါ ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source-  Maesaipress 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013