DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယဝန်ကြီးချုပ် တတိယသက်တမ်းအတွက် နာရန်ဒြာမိုဒီ ကျမ်းကျိန်
DVB
·
June 10, 2024
အိန္ဒိယဝန်ကြီးချုပ် တတိယသက်တမ်းအတွက် နာရန်ဒြာမိုဒီ ကျမ်းကျိန်
Donate to DVB

နာရန်ဒြာမိုဒီဟာ ဇွန် ၉ ရက် ညပိုင်း၊ ဒေလီမြို့က သမ္မတနန်းတော်မှာ အိန္ဒိယဝန်ကြီးချုပ် တတိယသက်တမ်းအတွက် ကျမ်းကျိန်ခဲ့ပါတယ်။

ဘာရာတီယာဂျနတာပါတီ (BJP) ခေါင်းဆောင်ဟာ ဆန္ဒာဂတိ၊ ဘယာဂတိ မလိုက်ဘဲ တနည်းပြောရရင် ချစ်ခြင်း၊ ကြောက်ခြင်း မလွှမ်းမိုးစေဘဲ ပြည်သူတွေအကျိုးအတွက် မှန်ရာကို လုပ်ဆောင်မယ်လို့ ကျမ်းကျိန်ခဲ့ပါတယ်။

BJP ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် (NDA) ဟာ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၂၉၃ နေရာ ရခဲ့ပေမဲ့ ခန့်မှန်းထားသလို တောင်ပြိုကမ်းပြို မနိုင်ခဲ့ပါဘူး။ အတိုက်အခံအင်အားစုကလည်း ၂၃၄ နေရာအထိ အနိုင်ရခဲ့ပြီး အားကောင်းလာပါတယ်။

ဝန်ကြီးချုပ် ကျမ်းကျိန်ပွဲမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာ၊ မော်လဒိုက် ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပေမဲ့ ပါကစ္စတန်၊ တရုတ်တို့ကတော့ ခေါင်းဆောင်ပိုင်း မတက်ခဲ့ပါဘူး။

ဒေလီမှာ လုံခြုံရေးတင်းကျပ်ထားပြီး မပျံသန်းရဇုန် ကြေညာထားပါတယ်။ ဝင်းထဲမှာ ရဲ ၂,၅၀၀ လုံခြုံရေး ချထားပါတယ်။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ မိုဒီဟာ တိုင်းပြည်ရဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟာလာနေရူး နောက်ပိုင်း သုံးကြိမ်ဆက် ရွေးကောက်ပွဲနိုင်တဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

ဒါပေမဲ့ တပါတီတည်း အစိုးရဖွဲ့နိုင်လောက်အောင် မနိုင်ခဲ့ဘဲ အမတ်ထက်ဝက်ကျော်အောင် ပါတီငယ်နှစ်ခုကို မှီခိုခဲ့ရပါတယ်။

အစဉ်အလာအရ ဘက်ပြောင်းတတ်တဲ့ ပါတီငယ်တွေရဲ့ ထောက်ခံမှုရအောင် မိုဒီဘက်က ဘာတွေသဘောတူညီပေးခဲ့ရတယ် ဆိုတာတော့ မရှင်းလင်းပါဘူး။

ဒါပေမဲ့ ဝန်ကြီးနေရာတချို့နဲ့ သက်ဆိုင်ရာပါတီ အခြေစိုက်တဲ့ ပြည်နယ်အလိုက် အခွင့်အရေးတချို့ ပေးခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013