DVB Logo
Home
မြန်မာသတင်း
ကျိုက်မရောတွင် စစ်ဆေးရေးလုပ်နေသည့် PDF အဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ
DVB
·
June 10, 2024
ကျိုက်မရောတွင် စစ်ဆေးရေးလုပ်နေသည့် PDF အဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စပယ်ဂူတံတားနားမှာ စစ်ဆေးရေးပြုလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာကြောင့် PDF တပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-စံပယ်ဂူ-ကော့ပနာလမ်းပိုင်းမှာရှိတဲ့ စံပယ်ဂူ(အတ္တရံမြစ်ကူး) တံတားနားမှာ စစ်ဆေးနေတဲ့ PDF တပ်ဖွဲ့ကို ‌ဇွန် ၈ ရက်နေ့ ညနေ ၄ နာရီခွဲမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဂဠုန်စစ်ကြောင်းတပ်ရေးဗိုလ်ရဲဘော်ဘဲဥက “မနေ့ ၄ နာရီခွဲက စံပယ်ဂူတံတားနားမှာ စစ်ဆေးနေတဲ့ မဟာမိတ်တပ်ဖွဲ့ကို စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာ ဟုတ်ပါတယ်။။ မဟာမိတ် ပူးပေါင်းတပ်ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာရတယ်။ စိုးရိမ်စရာ အခြေအနေတော့မရှိပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက PDF တွေစစ်ဆေးနေတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့ပြီး တလုံးဟာ PDF တွေ စစ်ဆေးတဲ့နေရာနားမှာ ကျခဲ့ပြီး PDF ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်ကလည်း ပြောပါတယ်။

“စစ်နေတဲ့ဘေးနားကို တလုံးကျတာ ၂ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ၂ ယောက်ကို ရဲဘော်တွေက ချက်ချင်း ကားပေါ်တင်သွားတယ်။ ကြားတာကတော့ DKBA ပိုင်တဲ့ ဆေးရုံကိုခေါ်ပြီးကုတာတဲ့။ ဗုံးချခံရပြီး လမ်းဖြတ်သွားဖြတ်လာတောင်မရှိတော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ကလည်း ကော့ဒွန်း-ကော့ပနာကျေးရွာနားမှာ တပ်စွဲထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013