DVB Logo
Home
နိုင်ငံတကာ
ပင်လယ်နီရှိ သံပခြုပ်အားလုံးကို သေဆုံးစေခဲ့သည့် ကပ်ရောဂါ အိန္ဒိယသမုဒ္ဒရာသို့ ပျံ့နှံ့
DVB
·
June 9, 2024
ပင်လယ်နီရှိ သံပခြုပ်အားလုံးကို သေဆုံးစေခဲ့သည့် ကပ်ရောဂါ အိန္ဒိယသမုဒ္ဒရာသို့ ပျံ့နှံ့
Donate to DVB

ပင်လယ်နီက သံပခြုပ်အားလုံး သေဆုံးစေခဲ့တဲ့ ကပ်ရောဂါ တမျိုးဟာ အိန္ဒိယသမုဒ္ဒရာ တချို့ နေရာတွေကို ပျံ့နှံ့လာနေပြီး ကမ္ဘာအနှံ့ ကူးစက်သွားနိုင်တယ်လို့ အစ္စရေးသိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။ 

သံပခြုပ်ကောင်တွေဟာ သန္တာကျောက်တန်းတွေကို စောင့်ရှောက်သူတွေဖြစ်ပြီး မြက်ရိတ်စက်နဲ့ သဘောတရားတူပါတယ်။ 

ရေမှော်တွေကို လျှော့ချပေးပြီး သန္တာကောင်တွေ ပေါက်ဖွားဖို့နဲ့ နေရောင်ခြည်နဲ့ အစာချက်လုပ်ဖို့ ကူညီပေးပါတယ်။ 

အခု သံပခြုပ်တွေ သေကုန်တာကြောင့် နဂိုကတည်းက ပျက်စီးလွယ်နေတဲ့ သန္တာကျောက်တန်း ဂေဟစနစ် ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။ 

ပင်လယ်ပြင်ကနေ ကူးစက်တဲ့ ဒီကပ်ရောဂါကို ၂၀၂၃ ခုနှစ်မှာ အက္ကဘာပင်လယ်ကွေ့မှာ စသတိပြုမိတာပါ။ 

မော်လီကျူးဓာတ်ခွဲစမ်းသပ်မှုတွေအရ ဒီဖြစ်စဉ်နောက်ကွယ်က ပတ်သိုဂျင် လို့ခေါ်တဲ့ ရောဂါဖြစ်ပွားစေတဲ့ ပစ္စည်းကို သိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ 

ဒီပတ်သိုဂျင်တွေဟာ လျင်လျင်မြန်မြန်နဲ့ သတ်ဖြတ်ရှင်းလင်းနိုင်ပြီး သံပခြုတ်ကိုလိုနီတွေကို နှစ်ရက်အတွင်း ပျောက်ကွယ်သွားစေနိုင်တယ်လို့ ဆိုပါတယ်။ 

အခုအခါ အရှေ့တောင်အာရှနဲ့ ဩစတြေးလျ မဟာသန္တာကျောက်တန်းတွေဘက်ကို ဦးတည် ပျံ့နှံ့သွားမှာကို စိုးရိမ်နေကြပါတယ်။ 

ဘယ်သတ္တဝါမှ အစားဝင်မပေးနိုင်တဲ့အတွက် အယ်လ်ဂျေးပေါက်ဖွားမှုကို ထိန်းပေးနိုင်တဲ့သူ မရှိတော့ပါဘူး။  ဒီရောဂါကို ရပ်တန့်မယ်နည်းလည်း မတွေ့သေးပါဘူး။ 

သံပခြုပ်တွေ သီးခြားမွေးမြူပြီး ပြန်ပေါက်ပွားစေမယ့် နည်းလမ်းတော့ ရှိနေတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013