DVB Logo
Home
နိုင်ငံတကာ
ဧဝရတ်တောင်ပေါ်ကို ကမ္ဘာ့ပထမဆုံး ဒရုန်းနှင့် ပစ္စည်းပို့ဆောင်မှု အောင်မြင်
DVB
·
June 8, 2024
ဧဝရတ်တောင်ပေါ်ကို ကမ္ဘာ့ပထမဆုံး ဒရုန်းနှင့် ပစ္စည်းပို့ဆောင်မှု အောင်မြင်
Donate to DVB

တရုတ်ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ (DJI) ဟာ ဧပြီလတုန်းက ဧဝရတ်တောင်ပေါ်ကို ကမ္ဘာ့ပထမဆုံး  ဒရုန်းနဲ့ ပစ္စည်းပို့ဆောင်မှုကို အောင်အောင်မြင်မြင် ပြီးစီးခဲ့ကြောင်း ဇွန် ၅ ရက်မှာ ပြောပါတယ်။

အဲဒီဒရုန်းမှာ အောက်ဆီဂျင်ပုလင်း ၃ လုံးနဲ့ အလေးချိန် ၁ ဒသမ ၅ ကီလိုဂရမ်ရှိ တခြားထောက်ပံ့ရေးပစ္စည်းတွေကို ဧဝရတ်တောင်ရဲ့ အခြေစိုက်စခန်းကနေ စခန်း ၁ ကို သယ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

အမြင့်မီတာ ၆၀၀၀ ကျော်မှာရှိတဲ့ စခန်း ၁ ကနေ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅၃၆၄ မီတာ ရှိ အခြေစိုက်စခန်းထိ အလားတူ FlyCart  30 ဒရုန်းကို အသုံးပြုပြီး အမှိုက်ထုပ်ကို သယ်ဆောင်ခဲ့ပါတယ်။

FlyCart 30 ဒရုန်းဟာ လေတိုက်ခံနိုင်မှု၊ အပူချိန်နိမ့်ကျမှုနဲ့ အလေးချိန်သယ်နိုင်စွမ်း စမ်းသပ်မှုတွေ အပါအဝင် သူ့လုပ်ငန်းတာဝန်ရဲ့ လွန်ကဲသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့ ပြင်းပြင်းထန်ထန် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း DJI ဒရုန်းကုမ္ပဏီက ပြောပါတယ်။

သူ့ရဲ့ဒရုန်းတွေဟာ ဧဝရတ်တောင်ပေါ်ရှိ ခွန်(မ်)ဘူ ရေခဲရေတံခွန်ဆီ ရိက္ခာပစ္စည်းတွေ ပို့ဆောင်ဖို့ အသက်အန္တရာယ်ကို အကြိမ်ကြိမ် စွန့်စားကြရတဲ့ ဒေသခံလမ်းပြ အထမ်းသမားတွေကို ဝန်ထုပ်ဝန်ပိုး လျော့ပါးသက်သာစေနိုင်လိမ့်မယ် လို့လည်း DJI ကုမ္ပဏီက ဆိုပါတယ်။

ဒရုန်းနဲ့ စက်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ဘေးကင်းကင်း သယ်ပို့နိုင်တဲ့ ဒီစွမ်းရည်ကြောင့် ဧဝရတ်တောင်တက် ထောက်ပံ့ပို့ဆောင်ရေးကို အခြေခံကျကျ ပြောင်းလဲပစ်နိုင်ဖို့၊ အမှိုက်ရှင်းလင်းရေး လုပ်ဆောင်မှုတွေကို လွယ်ကူချောမွေ့စေပြီး ပါဝင်ပတ်သက်သူအားလုံးအတွက် ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပေးနိုင်မယ့် အလားအလာ ရှိကြောင်းလည်း DJI ရဲ့ ကော်ပိုရိတ် မဟာဗျူဟာ အကြီးတန်း ဒါရိုက်တာ ခရစ္စတီနာကျန်င်က ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

Source: Reuters

Photo- Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013