DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဆေးရုံတက်နေသည့် မြန်မာလုပ်သား ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ 
DVB
·
June 7, 2024
ထိုင်းတွင် ဆေးရုံတက်နေသည့် မြန်မာလုပ်သား ၁ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ 
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း၊ ခွန်ကဲန်ခရိုင်၊ ခွန်ကဲန်ဆေးရုံကြီးမှာ ဆေးရုံတက်ဆေးကုသမှုခံယူနေတဲ့ မြန်မာအလုပ်သမား ၁ ဦး ဇွန် ၆ ရက် ညက သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၉ နှစ်ရွယ် ကျော်စွာအောင်ဆိုသူ မြန်မာအလုပ်သမား ၁ ဦးဟာ ခန္ဓာကိုယ်တွင်း အကြိတ်ရှိလို့ ခွဲစိပ်ကုသမှုခံယူဖို့ ဆေးရုံတက်နေကြောင်း၊ မနေ့ ည ၁၀ နာရီ ကျော်လောက်မှာတော့  အမျိုးသား ၁ ဦးဟာ လူနာကြည့်ဖို့ဆိုပြီး သူနာပြုဆရာမဆီ ခွင့်တောင်း ခဲ့တယ်၊  သူနာပြုညွှန်ပြတဲ့ ၅ လွှာရှိ လူနာအခန်းထဲဝင်သွားတာနဲ့ လူနာကို သေနတ်နဲ့ ပစ်ခတ်ပြီး ပြန်ထွက်သွားတာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ ရောက်လာတော့ လူနာရဲ့ လည်ပင်းမှာ သေနတ်ဒဏ်ရာရပြီး ခုတင်ဘေးမှာ ၉ မမ ကျည်ခွံတခုတွေ့တယ်၊ သူ့အခန်းဘေးက အရေးပေါ်ခန်းထဲ ရွှေ့ပြောင်းပြီး ကုသပေးခဲ့ပေမဲ့  မကြာခင်မှာဘဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

စီစီကင်မရာစစ်ဆေးချက်အရ သေနတ်သမားဟာ အနက်ရောင် ဖို့ဒ်ဟိုင်းလပ်စ်ကားနဲ့ ရောက်လာတယ်၊ ကားအရှေ့ အနောက် နံပါတ်ပြားမတပ်ထားဘူး၊ သူဟာ တီရှပ်အင်္ကျီအဖြူ ရောင်လက်တို အနက်ရောင်ဘောင်းဘီဝတ်ပြီး အိတ်အမည်းရောင်စ လွယ်သိုင်းထားတယ်၊ အသက် ၃၀ နှစ်ဝန်းကျင် အရပ်အမြင့် ၁၇၀ စင်တီမီတာခန့်ရှိပြီး ည ၈ နာရီကတည်းက ဆေးရုံထဲရောက်နေတာလို့ ဆိုပါတယ်။ 

သေဆုံးသူရဲ့  ဇနီးက သူ့ခင်ပွန်းမှာ ဘယ်သူနဲ့မှ ခိုက်ရန်ဖြစ်ပွားတာမရှိခဲ့ဖူးဘူး၊  မတည့်တဲ့သူလည်း မရှိဘူး၊ ဒီမတိုင်ခင်ရှေ့ကတော့ ငွေအသုံးလိုလို့ စက်ရုံလုပ်ဖော်ကိုင်ဘက် အလုပ်သမား ၁ ဦးဆီက  ATM ကတ် အပေါင်ထားပြီး ဘတ်ငွေ ၁၂၀၀၀ ချေးထားတာပဲရှိတယ်၊  သူဟာ ခင်ပွန်းဖြစ်သူကို လူနာလာစောင့်ပြီး ညဘက် အိမ်ပြန်အိပ်တာနဲ့ ခုလိုဖြစ်ရပ်နဲ့ ကြုံရတာလို့  ချနယ်လ် ၃ သတင်းဌာနကို ပြောပါတယ်။ 

ဆေးရုံထဲထိ ဝင်ရောက်ကျူးလွန်တဲ့ လူသတ်သမားကို ဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့က အပူ တပြင်းလိုက်လံရှာဖွေနေပြီး သူရှိတဲ့နေရာ သတင်းပေးနိုင်သူကို ဆုငွေ ၁၀၀၀၀ ပေးမယ်လို့ လည်း ကြေညာထားကာ  ဆေးရုံရဲ့လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

Source-  Thairath / Ch 3 TV News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013